အရင်လိုသတိရတိုင်း
ရင်ဘတ်ထဲပြန်ဝင်ခွေနေလို့မှမဖြစ်တော့တာ
တချက်လွမ်းတိုင်းနင့်နာမည်ကို
တခါအော်ခေါ်နေမိတာ
တံတွေးတွေတောင်ခြစ်ခြစ်တောက်ပူနေပြီ
နင့်အတွက်ပန်းမိုးတွေရွာချပေးချင်လို့
အလိုမတူပေမယ့်..
ကန်တော်ကြီးကို သာဓုကန်ဘုရားကို
ဒဂုံ (၁) ကျောင်းကို ယောက်လမ်းကို
စိန်ရောင်ခြည်ဘုရားကို ဘုရားလမ်းဘူတာလေးကို
တောင်မြောက်လမ်းဆုံကဘုရားကို ucsy ကို
ငါခဏမေ့လိုက်တယ်.....
တဘ၀လုံးစာအတွက် တခဏလောက်ဆွံ့အချင်ယောင်ဆောင်နေတာတောင်မှ
နင်နဲ့စကားပြောဖြစ်တဲ့ညတွေဆို
ငါ့ဖုန်းထဲကနင့်ဓါတ်ပုံလေးတွေဆီ လွှားခနဲ လွှားခနဲ
ပြေးပြေးသွားမိတုန်း...
အချစ်တွေရေညှိတက်သွားပြီဆိုပြီး
ဟန်ဆောင်စိတ်မကောက်ပါနဲ့
အတိတ်နေ့တွေကို နာကျင်ဆွံ့ပျံ့ရလွန်းလို့
သုညလိုလို စက်ဝိုင်းလိုလိုနဲ့
ငါ့ကိုငါတောင် ဘာကောင်မှန်းမသိတော့ဘူး...
မခင်ချင်ယောင်ဆောင်တတ်တဲ့ ကြယ်မလေးကိုမှ
ငါကကောင်းကင်ဖြစ်ဖြစ်ပြချင်မိတာကို
ရင်ခုန်သံတွေ ဈေးကြီးလည်းကြီးပေါ့..
ချည်နှောင်မျက်ဝန်းလေးရှေ့မှာပဲ
ရာဇ၀င်အထပ်ထပ်ထိ ကျောက်ချရပ်တန့်ချင်မိပါတယ်...။
ရင်ဘတ်ထဲပြန်ဝင်ခွေနေလို့မှမဖြစ်တော့တာ
တချက်လွမ်းတိုင်းနင့်နာမည်ကို
တခါအော်ခေါ်နေမိတာ
တံတွေးတွေတောင်ခြစ်ခြစ်တောက်ပူနေပြီ
နင့်အတွက်ပန်းမိုးတွေရွာချပေးချင်လို့
အလိုမတူပေမယ့်..
ကန်တော်ကြီးကို သာဓုကန်ဘုရားကို
ဒဂုံ (၁) ကျောင်းကို ယောက်လမ်းကို
စိန်ရောင်ခြည်ဘုရားကို ဘုရားလမ်းဘူတာလေးကို
တောင်မြောက်လမ်းဆုံကဘုရားကို ucsy ကို
ငါခဏမေ့လိုက်တယ်.....
တဘ၀လုံးစာအတွက် တခဏလောက်ဆွံ့အချင်ယောင်ဆောင်နေတာတောင်မှ
နင်နဲ့စကားပြောဖြစ်တဲ့ညတွေဆို
ငါ့ဖုန်းထဲကနင့်ဓါတ်ပုံလေးတွေဆီ လွှားခနဲ လွှားခနဲ
ပြေးပြေးသွားမိတုန်း...
အချစ်တွေရေညှိတက်သွားပြီဆိုပြီး
ဟန်ဆောင်စိတ်မကောက်ပါနဲ့
အတိတ်နေ့တွေကို နာကျင်ဆွံ့ပျံ့ရလွန်းလို့
သုညလိုလို စက်ဝိုင်းလိုလိုနဲ့
ငါ့ကိုငါတောင် ဘာကောင်မှန်းမသိတော့ဘူး...
မခင်ချင်ယောင်ဆောင်တတ်တဲ့ ကြယ်မလေးကိုမှ
ငါကကောင်းကင်ဖြစ်ဖြစ်ပြချင်မိတာကို
ရင်ခုန်သံတွေ ဈေးကြီးလည်းကြီးပေါ့..
ချည်နှောင်မျက်ဝန်းလေးရှေ့မှာပဲ
ရာဇ၀င်အထပ်ထပ်ထိ ကျောက်ချရပ်တန့်ချင်မိပါတယ်...။