တိမ်တွေရွေ့နေတာရပ်သွားရင်
အဲဒီလမ်းလေးမှာ သစ်ရွက်တွေကြွေနေတာရပ်သွားမလားမသိ
နွေရေအိုင်တွေ နဂါးငွေ့တန်းတွေအောက်မှာ
အခါခါခန်းခဲ့ရ
အိပ်မက်သေတွေထမ်းပိုးလာရတာ
မောရင်အဲဒီမှာခဏနားပါဦး.....
ဆောင်းကြိုးပြက်ရွာမွန်းမတည့်မီ ၂၄ နာရီ
အလို........
ဆိုင်းမဆင့် ဗုံမဆင့်
သူကထွက်ခွာသွားနှင့်ပြီ.....
အလင်းတွေလက်ဖြာလွန်းရင်
ကြွေချိန်စောလေသလားမသိ
အခုတော့...
မိုးခေါင်လို့တီးတဲ့ဗုံသံတွေ
ဘယ်ကဆက်ကြားရမည်မှန်းမသိ
မသိခြင်းများစွာက....ငါတို့စိတ်တွေထဲမှာလဲလျောင်း
ရင်ဘတ်တစ်ခုလုံးကိုဖြန့်ခင်း
စာပေယဉ်ကျေးမှု အသစ်ကိုထွန်းကားစေသူ
နှင်းလမ်းတွေ အတက်အဆင်းမှားခြင်းမှ
ဘ၀တိုင်းမှာဝေးပါစေ.....။(ကျွန်တော်ဒီကဗျာလေးကိုရေးထားခဲ့တာကြာပါပြီ။ အခုမှ တင်ဖြစ်သွားတာပါ။ ဒီကဗျာလေးကိုမတင်ခင်စဉ်းစားပါသေးတယ်။ ကျွန်တော့မတက်တခေါက်ကဗျာလေးက(ဆရာ) တာရာမင်းဝေကိုစော်ကားသလိုများဖြစ်နေမလား ဆိုပြီးတော့ဒါပေမယ့် တင်ချင်တဲ့ စိတ်ကပိုများနေတာကြောင့် မျက်စိစုံ မှိတ်ပြီး တင်လိုက်မိပါတယ်။ အမှားအယွင်းတွေရှိခဲ့ရင်ဝေဖန်ပေးကြပါဦးလို့.. ဓါတ်ပုံလေးတွေ ကတော့တခြားဆိုဒ်များမှကူးယူဖော်ပြပါတယ်ခင်ဗျာ...(ဆရာ)တာရာမင်းဝေရဲ့နောက်ဆုံးရေးသွားတဲ့ ကဗျာလေးပါတင်ပေးလိုက် ပါတယ်....)
(ကဗျာလေးတွေလာရောက်ခံစားပေးတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးကို မင်းမုန်းတဲ့သူ မှအထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ)
ကဗျာလေးကို တစ်ပုဒ်လုံးနားမလည်ပေမယ့် နားလည်တဲ့အပိုင်းလေးတွေကိုကြိုက်တယ် ....
ReplyDelete