နှလုံးသားထဲကပန်းတွေကို
နှုတ်ခမ်းတွေနဲ့တယုတယကျဲချခွင့်တွေ
ဝေးပြီ.........
ချို့တဲ့ ခြောက်သွေ့လွန်းတဲ့ဘ၀ထဲကို
ဆွဲမနှစ်ရက်လို့
ငါတို့နှစ်ယောက်ရဲ့မျှော်လင့်ချက်ပျိုးခင်းလေးကို
တစ်စက်မကျန်ဖဲ့ခြွေပစ်လိုက်တယ်.....
ထားရစ်ခဲ့ .....ညီမလေးရေ
ဒဂုံတက္ကသိုလ်ထဲက..အတူပြန်ခဲ့ဘူးတဲ့
မိုးသည်းနေ့တွေထဲမှာပဲ ထားခဲ့.....
အရိပ်တွေအိုတဲ့သစ်ပင်
ဆို့....နင့်....ပြို...လဲ
ကျန်နေရစ်ခဲ့ပါ့မယ်......
မိုးခေါင်တေးတွေသာ တခုတ်တရ
ခေါက်သိမ်းထားတဲ့ဖုန်းဆိုးတောထဲကနေ
မင်း...တဘ၀စာထွက်သွားပေါ့.....။
ကဗျာလေး ခံစားသွားပါတယ် သူငယ်ချင်းရေ..
ReplyDeleteခံစားချက်အစစ်တွေမို့ထင်တယ်.. ကဗျာက တစ်ကယ်အသက်ဝင်တယ်. :)