Thursday, 11 October 2012

ပန်းတစ်ပွင့်ထံသို့

နီးခွင့်ရပါ့မလား
..........ရယ်
ဝေးရမှာပါလို့ နတ်ဆိုးတွေလာလာပြောကြတိုင်း
ကို့ခါးကိုကလိထိုးပြီး အော်ရယ်ပစ်လိုက်တယ်...
တကယ်တော့ ရင်ဘတ်ထဲမှာကြေကွဲနေခဲ့တာပါ..

နေရက်တွေလဲကျန်ခဲ့ပါပြီ
ဟိုးရှေးရှေးတုန်းကအကြောင်းတွေက
ဟိုးရှေးရှေးတုန်းကလို့အစပြုပြီးပြောရမယ့်
ပုံပြင်တပုဒ်ဖြစ်မသွားချင်ဘူး......

အခုဆိုနင်တို့အိမ်ရှေ့မှာ ပန်းမပွင့်တဲ့
ပန်းရာသီတခု စိုစွတ်နေရောပေါ့
အပျင်းပြေစားတဲ့နေကြာစေ့တစ်ထုပ်လောက်ပဲဖြစ်ဖြစ်
နင့်ဘ၀ထဲ ပါဝင်ကပြချင်ခဲ့တာပါ..
နင်ပေးလာတဲ့ ခံစားချက်တွေ
မှိုမတက်အောင်သိမ်းထားဖြစ်ပါတယ်..

အရာရာတိုင်းအဆုံးရှိတာမှန်ပါတယ်
ငါက တော့နင့်ကို ဖြစ်ပြီး ပျက်တတ်တဲ့
အချစ်မျိုးနဲ့မချစ်ခဲ့ပါဘူး..
အပျင်းပြေသဘောမျိုးပဲဖြစ်ဖြစ်ငါ့နာမည်ကို
တခါလောက်ခေါ်ပါလား..

တူနှစ်ကိုဘ၀မျိုးကို ဘယ်နံပါတ်ဘက်စ်ကားစီးသွားရမလဲ
ခေါင်းသုံးလုံးရှိတဲ့အဖိုးကိုမေးကြည့်ပြီးတော့
လမင်းရေစီးကြောင်းတစ်လျှောက်ငါ အရောက်ပြန်ခဲ့မယ်
အလွမ်းသီချင်းတွေဆိုရင်း
ငါ့ကို သုံးမိနစ်တော့စောင့်ပါ.....