Showing posts with label ၀ထ္ထုတို. Show all posts
Showing posts with label ၀ထ္ထုတို. Show all posts

Wednesday, 9 May 2012

လွတ်လပ်ရေးနေ့ဘောလုံးပွဲ ( တိုင်းကျော်ရွာ vs ငပရွာ)

     လွတ်လပ်ရေးနေ့မရောက်ခင်နှစ်ရက်ခန့်အလိုတွင်ဖြစ်သည်။ ငပရွာနှင့်တိုင်းကျော်ရွာလေးနှစ်ခုလုံးစည်ကားနေကြလေသည်။အကြောင်း
ကနှစ်စဉ်ကျင်းပနကျ ဖြစ်သော လွတ်လပ်ရေးနေ့  ဒိုင်းဆုကြီး အတွက်ဖြစ်လေသည်။ မနှစ်ကလွတ်လပ်ရေးနေ့ဒိုင်းဆုကြီးကိုငပရွာက ဆွတ်ခူးသွားသဖြင့်တိုင်းကျော်တရွာလုံး မခံမရပ်နိုင်ဖြစ်ကာဒီနှစ်ကိုအရ
 ပြန်ယူမည်ဟုကျုံးဝါးနေကြလေသည်။
   ကမ္ဘာပေါ်တွင်ဘောလုံးအားကစားကအတော်လူကြိုက်များ လာသကဲ့သို့သည်ရွာလေးနှစ်ရွာတွင်လည်းလူကြိုက်များလာခဲ့လေသည်။ မြို့နှင့်အနည်းငယ်မျှ အလှမ်းဝေးသော်လည်းမြို့ပေါ်သို့ ဈေးတက်ရောင်းသူများရှိသဖြင့် မြို့မှ
ယူလာသောရက်လွန်ဂျာနယ်များဖတ်ကာအတော်အတန်သိနှင့်နေကြလေ သည်။  ထိုထဲတွင်အကဲဆုံးမှာ သာအေးတို့လင်မယားဖြစ်လေသည်။  သာအေးကဘောလုံးသမားရူးရူးခြင်းမဟုတ်သူကဒိုင်လုပ်လိုခြင်းသာဖြစ်
 လေသည်။  မြရီကမူ ဘောလုံးသမားချောချောလေးများအကြောင်းကို
ဖတ်ကာ ရွာထဲတွင် ဖောက်သည်လိုက်ချခြင်းဖြစ်သည်။ " ဟို... စီရော်နယ်ဒိုဆိုတဲ့ကောင်လေးလေ " " အဲဒီကောင်လေးက အရင်ဘောလုံးမကန်ခင်ဆီရောင်းတာတဲ့.." အင်း...မတတ်နိုင်။   စီရော်နယ်ဒိုသည်လည်း မြရီနှင့်တွေ့မှ ဆီသည်ဖြစ်လေသည်။ သာအေးကတော့ဒိုင်တွေပုံကိုကြည့်ကာလိုက်တုလေသည်။ နေရာတကာ ၀ီစီတမှုတ်မှုတ်နှင့်ရှိလေသည်။ ယုတ်စွအဆုံး အိပ်ရင်တောင် ၀ီစီကိုလည်ပင်းမှဆွဲပြီးအိပ်တက်သည်။အာဂလင်မယားပါလား။
   ငပရွာလေးတွင်တော့အိမ်ခြေ (၅၀) ခန့်ရှိလေသည်။ အိမ်ခြေငါးဆယ်ခန့်ရှိသည့်အနက်ထက်ဝက်ခန့်သည် သောင်းဖေတို့ အမျိုးများဖြစ်လေသည်။ ထိုကြောင့်ဘောလုံးကန်ရာတွင်လည်း သူတို့ အမျိုးများသာ နေရာယူထားကြလေသည်။  ဒီနှစ်တော့ သောင်းဖေ၏
ယောက်ဖနေမကောင်းသဖြင့် မပါနိုင်ဟု သတင်းထွက်နေလေသည်။
 သောင်းဖေ၏ယောက်ဖမှာရွာနှစ်ရွာစလုံးတွင်နာမည်ကြီးလေသည်။ အကြောင်းမှာသူသည်ဘောလုံးအတွေ့အကြုံတော်တော်များခဲ့ သော   ကြောင့် ဖြစ်သည်။ သူသည်(၅) နှစ်လောက် မြို့ပေါင်းစုံ ဘောလုံးပြိုင်ပွဲ များတွင်ဘောကောက်လုပ်ခဲ့ဖူးလေသည်။ ဘောလုံးတော့တစ်ပွဲမှမကန် ခဲ့ရပေ။ သိုသော် ရွာနှစ်ရွာစလုံးတွင်ဘောလုံးနှင့်နည်းနည်းမျှ ပက်သက်ဖူးသူမရှိသဖြင့် သူသည်နာမည်ကြီးလေသည်။
   လွတ်လပ်ရေးမတိုင်တရက်အလို....။ ဘောလုံးပွဲအတွက်ပြင် ဆင်ကြလေပြီ။နှစ်ဖက်အသင်းမှကစားသမားများကလည်းအင်္ကျီဝယ်ခြင်း၊ ဖိနပ်ဝယ်ခြင်း၊ နည်းပြများကလည်း ဂျာနယ်ထဲတွင်တွေ့သည့် အတိုင်းလိုက်ဝတ်နိုင်ရန်ပြင်ဆင်ကြလေသည်။ထုံးစံအတိုင်းသာအေးတို့
လင်မယားကအကဲဆုံးပင်သာအေးကဒီနှစ်ပွဲတွင်ဒိုင်လုပ်ရမည်ဖြစ်သည်။ မနှစ်ကဟိုဖက်ရွာကဒိုင်လုပ်ခဲ့သဖြင့်ဒီနှစ်တော့ သာအေးတို့ရွာကဒိုင် လုပ်ခွင့်ရပြီး စည်းကြပ်ဒိုင်ကိုတော့ဟိုဖက်ကတာဝန်ယူပေမည်။ သာအေးသည်ဂျာနယ်ထဲတွင်တွေ့သည်ပုံများအတိုင်းလိုက်ပြင်လေသည်။
အင်္ကျီအမဲနှင့် ဘောင်းဘီအမဲကို မြို့ပေါ်မှမရမကရှာဝယ်ခဲ့သည်။ အင်္ကျီကတော့အဆင်ပြေလေသည်။သို့သော်တံဆိပ်အတွက်ကဂွကျ
လေသည်။ သူ့တွင်တံဆိပ်မရှိချေ။ နိုင်ငံတကာဒိုင်များတွင်လက်မောင်း မှာ တံဆိပ်တစ်ခုပါလေသည်။ ဘာတံဆိပ်လဲတော့မသိ၊လိုက်ရှာ သည်။ တွေ့ပြီ။သူသားကျောင်းအင်္ကျီလက်မောင်းမှတံဆိပ်ကိုသွားတွေ့
ခြင်းဖြစ်သည်။ တံဆိပ်ကိုခွာသည်။ သူ့အကျီတွင်ပြန်တက်လိုက်သည်။ တံဆိပ်မှာကား အ.ထ.က (၂) မြင်သာဟူပြီးဖြစ်သည်။မတက်နိုင် တံဆိပ်ရှိဖို့ သာလိုသည်။
   ကဲ..မြရီအလှည့်ရောက်ပြီ။ မြရီကသည်လို မြရီသည်လည်းဘောလုံး အရမ်းကန်ချင်သည်။ သို့သော် မိန်းမဖြစ်နေသောကြောင့်ခက်သည်။ ထို့ကြောင့်သာအေးကို အပူကပ် သည်။ သာအေးကမြရီဆိုနှစ်ခါမပြော ရ။ သူရအောင်လူလဲပေးမည် ဟုပြောသည်။ မြရီကဘောလုံး အင်္ကျီတစ်စုံမြို့ပေါ်မှဝယ်ထားလေသည်။ ဘောလုံးဖိနပ်ကတော့အဖြူ
ရောင်ကင်းဗတ်တရံဝယ်ခဲ့သည်။သူလည်း ခက်နေ သည် မှာ တံဆိပ် ပင်ဖြစ်သည်။သူ့ဖိနပ်တွင်တံဆိပ်မပါဖြင့်သူ့ဖာသာသူလုပ်လေသည်။
 ဘောလုံးဖိနပ်များတွင်သူသတိထားမိသလောက်အမှန်ခြစ်ထားခြင်းဖြစ် သည်။ အဲတော့သူဖိနပ်တဖက်တွင် အမှန်ခြစ်လေးခြစ် လိုက်သည်။ nike တံဆိပ်မှန်းသူမသိပေ။ နောက်တဖက်တွင် ဘာခြစ်ရမည်နည်း ခက်တာသူကလည်းနှစ်ဖက်လုံး မကြည့်လိုက်မိ။ အင်း...သိပြီ။ နောက်တဖက်ကို ကြက်ခြေခတ် လိုက်သည်အမှန် နဲ့ အမှား ပေါ့။ သူအတွေးနှင့်သူတော့ဟုတ်နေသည်။
   ကမ္ဘာဖလားဘောလုံးပွဲတုန်းကလိုဘောလုံးပွဲအစတွင်သီချင်းဖွင့်ဖို့ အတွက် ရွာနှစ်ရွာတိုင်ပင်နေကြခြင်းဖြစ်သည်။ ငပရွာကရွာသားများက စိုင်းစိုင်းခမ်းလှိုင်၏ " နွေရာသီလမ်းခွဲ" ဖွင့်ဖို့ပြောသည်။ စိုင်းစိုင်းခမ်းလှိုင်ပရိတ်သတ်များဖြစ်သည်။ တိုင်းကျော်ရွာကတော့ မျိုးကြီးရဲ့ " မလာပါနဲ့ "ဖွင့်ဖို့ပြောသည်။ နောက်ဆုံးတဖက်နှင့် တဖက်ညှိကြရင်းဖြင့် ဗညားဟန်၏ " သမုဒယ၀ါဆိုမိုး "ဖွင့်ဖို့သဘော
တူကြလေသည်။ ဘောလုံးပွဲနှင့်သမုဒယ၀ါဆိုမိုးနှင့်ဘာမျှမဆိုင်...။
   လွတ်လပ်ရေးနေ့။ ရွာနှစ်ရွာအလည်ဘောလုံးကွင်းတွင်လူများ ပျားပန်းခတ်မျှစည်ကားနေကြလေသည်။ အော်လံအခု (၄၀) ဖြင့်ဖွင့်ထား
 သောဗညားဟန်၏သီချင်းကလည်းနားကွဲမတတ်ပင်။ ကွင်းထဲတွင်
 ဘောလုံး သမားများနေရာယူကြသည်။ ဒိုင်လုပ်မည့်သူကတော့ ထုံးစံအတိုင်းသာအေးဖြစ်သည်။အင်္ကျီအမဲဝတ်စုံနှင့်ဖြစ်သည်။ ခေါင်းပန်း လှန်ရန် အကြွေစေ့မရှိသဖြင့် အအေးပုလင်းအဖုံးနှင့်လှန်သည်။ ကိစ္စမရှိလှန်လို့ရဖို့အရေးကြီးသည်။ ဘောလုံးပွဲစလေပြီ။ ငပရွာက အပေးအယူအချိတ်အဆက်မိလေသည်။အမျိုးများသောကြောင့်ဖြစ်သည်။ အမျိုးတွေကြီးပဲဖြစ်သဖြင့် နားလည်မှုရှိလေသည်။ တိုင်းကျော် ရွာလေးကခံစစ်သာကစားလေသည်။ဘောလုံးပွဲများမှနည်းပြများအတိုင်း
နှစ်ဖတ်နည်းပြများကအပြင်မှနေပြီးအော်ကြသည်။သို့ရာတွင်ဘာအော်ရ
မှန်းမသိ။ သည်တော့ရောက်တက်ရာရာတွေအော်သည်။
" ဟေ့ကောင်  ဘောပွဲပြီးရင်မင်းနဲ့ငါနဲ့ထန်းရည်သွားသောက်မယ် " 
" မင်းခြေအိတ်ကလေးလှတယ်..ဘာတံဆိပ်လဲ " 
" မနေ့ကွာ နှစ်လုံးထီပေါက်ခါနီး ရှေ့ဂဏန်းနဲ့ နောက်
ဂဏန်းပဲလွဲတယ် " " အိုဇုန်းလွှာပေါက်တာဟုတ်မယ်ကွ..တော်တော်ပူလာပြီ " တကယ့်ဘောလုံးပွဲများတွင်နည်းပြများကအပြင်မှနည်းစနစ်များညွှန်ကြား
ခြင်းဖြစ်သည်။ သိုသော်သည်နည်းပြတွေကတော့ပြောချင်ရာစွတ်အော်
ကြသည်။ အော်နေရရင်ပြီးရော။ ဒါမှလည်းနည်းပြအစစ်တွေနှင့် တူပေမည်။ ပထမပိုင်း (၄၅) မိနစ်ပြီးဖို့အချိန်ကနီးကပ်လာပြီ။ တဖက်နှင့်တဖက်ဂိုးမသွင်းနိုင်သေး။ ရွှီး.....ခရာမှုတ်သံ။ ပထမပိုင်းပြီးပြီ။
   ဒုတိယပိုင်းပြန်စလေပြီ။ သာအေးကသူ့မိန်းမကိုထည့်ဖို့ စဉ်းစားရသည်။တယောက်ယောက်ကိုထုတ်မှရမည်။ ဒါမှမြရီဝင်ရမည်။ လူလိုက်ရှာသည်။ မင်းဆွေကိုထုတ်မည်။ မင်းဆွေဆိုသည်မှာ ရွာထဲတွင်ဦးနှောက်သိပ်မကောင်းသည့်လူဖြစ်သည်။ ရွှီ..မင်းဆွေ။ လူလဲမည်။ ဒိုင်ကလူလဲသည်ဆိုသည်မှာသည်ဘောလုံးပွဲမှာ ပဲတွေးဖူး
 လေသည်။ သူ့မိန်းမမြရီကိုထည့်ကန်လေသည်။ လူတွေကနည်းနည်း
 တော့ပြောချင်သည်။ ယောက်ကျားလေးထုတ်ပြီးမိန်းမထည့်ကန်သော
ကြောင့်ဖြစ်သည်။ အရံခုန်မှလူလည်းမဟုတ်။ သို့သော်မတက်နိုင်၊ သာအေးကဒိုင်ကိုး..။
   ဘောလုံးပွဲဒုတိယပိုင်းပြီးတော့မည်။ တစ်ဖက်ဖက်နှင့်တဖက်ဂိုး မသွင်းနိုင်သေး။ထိုအချိန်တွင်တိုင်းကျော်ရွာမှတစ်ယောက်ကကန်တင်လိုက်သောဘောလုံးသည် ငပရွာဂိုးသမားဆီသို့ရောက်သဖြင့် ဂိုးသမားကဘောလုံးကိုကောက် ဖမ်းလိုက်ပြီးအချိန်ဆွဲနေသည်။ပွဲပြီးတော့ဖို့စက္ကန့်ပိုင်းလောက်အလိုတွင် ဘောလုံးကိုလေထဲသို့
 မြှောက်ပြီးကန်တင်လေသည်။ ထိုအချိန်တွင်ဂိုးသမားခြေချော်ပြီး 
 ဘောလုံး ကိုချော် ကန်မိရာ ဂိုးရှေ့မှနောက်ကျောပေးပြီး ရပ်နေသော မြရီတင်ပါးကိုသွားမှန်လေသည်။ ကန်တင်လိုက်သော အရှိန်နှင့် မြရီတင်ပါးကပြန်ကန်အားနှင့်ဘောလုံးကတော်တော်အရှိန်ပြင်း စွာဖြင့်ဂိုးထဲသို့ပြန်ဝင်သွားလေသည်။ဂိုး....တိုင်းကျော်ရွာမှလူများ၏ 
 အော်သံဖြစ်သည်။တိုင်းကျော်တစ်ရွာလုံးထအော်ကြလေသည်။ တိုင်း 
ကျော် နိုင်ပြီ။ ဘယ်လိုပင်နိုင်နိုင်တိုင်းကျော်နိုင်လေသည်။ ဒိုင်းဆုကြီး ရခဲ့သည်။ သာအေးနှင့် မြရီကိုလူများချီးမွမ်းကြသည်။ အများဆုံး ချီးမွမ်းကြသည်မှာမြရီ ၏ (တင်ပါး) ကိုဖြစ်လေသည်။