Tuesday 24 January 2012

လင်းမယ့်နေ့



ရနံ့တွေချည်းသက်သက်သယ်ဆောင်လာတဲ့
အဲဒီလေပြေကိုမုန်းတယ်....
မနှင်းဖြူရယ်.....
ဘယ်လိုရယူပိုင်ဆိုင်လိုစိတ်မျိုးနဲ့မှ
ငါ...၀လုံးတွေကိုဝိုင်းအောင်မရေးခဲ့ဖူးပါဘူး...
မွေးရာပါရိုးသားမှုအတွက်...
ငါကမာနတော့နည်းနည်းကြီးတယ်.....
လိုတာထက်ပိုပြီးငိုပြမှ
အကယ်ဒမီပေးမယ်ဆိုလည်း
ငါကိုချန်လှပ်ထားခဲ့ပါ...
မင်းအနားမှနေပြီး...မင်းကိုစကားလုံးအလှတွေနဲ့
ချည်နှောင်ရမှာထက်စာရင်
မင်းရဲ့ခပ်ဝေးဝေးကပဲငေးကြည့်နေချင်ခဲ့တဲ့ကောင်
ဒုတိယဇာတ်ကောင်လို့သတ်မှတ်ခဲ့ရင်တောင်
ဘယ်တော့မှ မင်းကိုချစ်ချင်ယောင်မဆောင်ဘူး....
ဖြူစင်တဲ့ချစ်ခြင်း....အလိုရမက်ကင်းကင်းနဲ့
မင်းရဲ့အဝေးက...ပိုးစုန်းကြူးလေးလိုလင်းမယ်
(မင်းအနားက) နေတွေ...လတွေ.....ကင်းတော့မှ.......။

1 comment:

  1. ငါ့သူငယ်ချင်းကအ၇မ်းတော်တယ် ကြိုးစားပါ အားပေးနေမယ်နော်သူငယ်ချင်းလေး

    ReplyDelete