Thursday 19 January 2012

Performance




ငါ့အား....
စင်တင်ပြသခွင့်ပြုပါ......။
ငါသည်...
စင်တင်ပြသခွင့်ရခဲ့ပါက
ငါသည်
(performance)သက်သက်သာပြသမည်ဟု
ကတိပြုပါသည်။
ကတိပြုပါသည်
ဆိုးပြီးသားနှုတ်ခမ်းနီတစ်တောင့်မပါစေရပါဟု
ကတိပြုပါသည်
ဒန်ဖလားပိန်ပိန်တစ်ခွက်မပါစေရပါဟု
ကတိပြုပါသည်
လေဖြတ်နေသောစိတ်ကူးကူးသက်သက်များမပါစေရပါဟု
ကတိပြုပါသည်
အိပ်တန်းမတက်သေးသော ကြက်ဖများမပါစေရပါဟု
ကတိပြုပါသည်
အပ်ပေါက်ဘယ်လိုမှထိုးလို့မရသောအပ်တစ်ချောင်းမပါစေရပါဟု
ကတိပြုပါသည်
ငါသည် စင်တင်ပြသခွင့်ရခဲ့ပါက
(performance)သက်သက်သာပြသပါမည်......။


No comments:

Post a Comment