Sunday, 29 July 2012

သူ့မွေးနေ့ကိတ်တောင်လှီးခွင့်မရတဲ့ ၇ လပိုင်း ၂၈


သူ့မွေးနေ့ကိတ်တောင်လှီးခွင့်မရတဲ့ ၇ လပိုင်း ၂၈

 ကျွန်တော့ထက် ၁ လတိတိကြီးတဲ့အမ၀မ်းကွဲနဲ့သူနဲ့....




 ဒီလထဲမှာပဲကျွန်တော့အတွက်အဖေနဲ့အမေပြီးရင်အရမ်းအရေးကြီးရတဲ့သူနှစ်ယောက်ရဲ့ ပွဲတွေကျွန်တော် ပါဝင်ခွင့်မရပါဘူး.. .။တခုကတော့သူရဲ့မွေးနေ့ပွဲဖြစ်ပြီးတော့ တစ်ခုကတော့ကျွန်တော့ရဲ့တစ်ဦးတည်းသော
အစ်ကိုရဲ့မင်္ဂလာပွဲပါ.....
ကျွန်တော်နဲ့ကဲဖော်ကဲဖက်ပါ...ပြန်လာရင်တော့ကဲလို့မရတော့ဘူးနဲ့တူပါတယ်.....
နေ့ဖက်တွေမှာ ကျွန်တော်က ပညာရဖို့အတွက် design သင်ခန်းစာ တွေသင်နေရပြီး ညဖက်ဆိုရင်တော့ဒီ အခန်း ကျဉ်းလေး ထဲမှာ တချို့ညတွေဆိုသီချင်းတွေတီးနေတတ်ပြီး  တချို့ညတွေဆိုကဗျာတွေရေး ပါတယ်......


ချစ်ခွင့်ပန်ခြင်း

လောကသဘာဝ
ဖြစ်လေ့ဖြစ်ထရှိတဲ့
အကြောင်းအရာတစ်ခုနဲ့
ကြားဖူးနေကျစကားလေးတခွန်းပါပဲ..
'' နင့်ကို စောက်ရမ်း ချစ်တယ်''...


ဒီစကားကနင့်အတွက်
ရယ်စရာမောစရာ
ပြက်လုံးတစ်ခုဖြစ်ပေ့မယ်
ငါ့အတွက်ကတော့
သေချာခိုင်မာတဲ့
သစ္စာစကားတစ်ခွန်းပါ...

ငါ့အချစ်တွေကို
နင့်ကအပြစ်တွေအဖြစ်
မှတ်ယူလိုက်မယ်ဆိုရင်တော့
.....................
ငါ့ကို...
ခွင့်လွှတ်ပါ.........။

Wednesday, 25 July 2012

ဘီလူးငို..သရဲပြေး






ရူပါကဒီလောက်တောင်
လန်ထွက်အောင်လန်းနေမှတော့
ဘီလူးငို...သရဲပြေးရုံတင်မဟုတ်ဘူး
ပြိတ္တာတောင် ငုတ်တုပ်မေ့လောက်တယ်....။

သွားလေးတွေစာဖွဲ့ဦးမလား
နာဂစ်ဖြစ်တဲ့ ဧရာဝတီတိုင်းကအိမ်တွေရဲ့
ခြံစည်းရိုးတိုင်တွေနဲ့ 
နင်လားငါလား...အပြိုင်လှနေတယ်...

ဘယ်အကွာအဝေးကငေးငေး
တကယ်ဘီလူးငို..သရဲပြေးတယ်

မိုနာလီဇာတောင် မျက်နှာငယ်လေးနဲ့
လည်ပြန်ငေးရလောက်တဲ့
စိတ်ပျက်လက်ပျက် စွဲမက်ဖွယ်ကောင်းတဲ့
ဒီလိုအပြုံးမျိုး ...သတိရတိုင်းကြည့်နေချင်တယ်ဆိုရင်တော့
ဒီပုံလေးသာ ဒေါင်းသွားလိုက်ပါ....။

Friday, 20 July 2012

လုံးဝရွှေမင်းသမီး






 မှိုတက်နေတဲ့ချောကလက်ကြီးကိုင်ပြီး
ငယ်သံပါအောင်လာလာနုပြတယ်
(အဟတ်.....)
သူပြောတဲ့သူ့ပုံပြင်ထဲမှာတော့
လုံးဝရွှေမင်းသမီး...။

ခဏလောက်ပြောပြမယ်
သွေးကြောစိမ်းလေးတွေမဟုတ်ဘူးကွယ်
အကြောကြီးတွေထောင်လို့ရယ်
(အဟတ်....)
သူပြောတဲ့သူ့ပုံပြင်ထဲမှာတော့
လုံးဝရွှေမင်းသမီး.....။

အဝေးကြည့်ကြည့်အနီးကြည့်ကြည့်
ကြည့်လို့မကောင်းဘူးကွယ်
တကယ်ကျားကျား လျားလျားကြီးရယ်
(အဟတ်.....)
သူပြောတဲ့သူ့ပုံပြင်ထဲမှာတော့
လုံးဝရွှေမင်းသမီး......။

ဘာမှတော့မဟုတ်ပါဘူး... ။  ဖေ့ဘွတ်ပေါ်မှာရယ်စရာပုံလေးတွေ့လို့အဲဒီပုံလေးနဲ့လိုက်အောင်နည်းနည်း လှာင်တဲ့ပုံစံကဗျာလေးချရေးလိုက်တာပါ...။ ရေးပြီးမှစာသားတွေကဟိုရောက်သည်ရောက်နဲ့ဘာမှန်းကို မသိဘူးဖြစ်သွားတယ်.....။ ကဗျာတွေလည်းမတင်တာကြာနေလို့.......ဒီကဗျာလေးပဲတင်လိုက်ပါတယ်....သည်းခံပြီးဖတ်ပေးကြပါဦး
လို့...
အခုတလော ပုံတွေဆွဲရတာကလည်း ကာလာတွေအရမ်းရှုပ်လာလို့မနည်းခေါင်းစားပြီးဆွဲနေရတော့
ဘလော့ကိုသိပ်ဂရုမစိုက်အားဘူးဖြစ်နေတယ်.....ဘလော့တွေမှာကျွန်တော်ကော့မန့်ရေးတာနောက်ကျ
ခဲ့ရင်လည်းနားလည်ပေးကြပါဦးလို့.....။

Sunday, 15 July 2012

မွေးနေ့ဆုတောင်း




ခလုတ်တွေ့နဲ့ဆူးတွေ
သူ့ဘ၀ထဲမှာကင်းပါစေ....

ပန်းတွေပွင့်နေတာပဲမြင်ချင်လို့
ကံတရားရယ်
သူ့ဘ၀ထဲကအဆိုးတွေကို
ခဏလောက်ဖြစ်ဖြစ်နတ်ဖွတ်ပေးပါလား

ညီမလေးရဲ့
မနက်တိုင်းမှာတိုက်တဲ့လေတွေ
အေးပါစေ.....

နေရယ် မြေကြီးရယ် ကောင်းကင်ရယ်
အကိုရယ်...
သက်ဆုမွေးနေ့အတွက်ဆုမွန်ကောင်း
တောင်းပေးလိုက်ပါတယ်....

မေးလ်ထဲကနေ ညီမတစ်ယောက်ကသူ့မွေးနေ့ကျရင်မွေးနေ့ဆုတောင်းကဗျာလေးတင်ပေးပါလို့ပြောထား တာနဲ့တတ်သလောက်မှတ်သလောက်လေးဆုတောင်းပေးလိုက်ပါတယ်..လိုအပ်တာရှိခဲ့ရင်လည်း
ခွင့်လွှတ်ပေးပါလို့...မွေးနေ့ရှင်ညီမလေး မွေးနေ့မှာပျော်ရွှင်ပါစေ...

Wednesday, 11 July 2012

ပြန်မခြောက်တော့တဲ့အမှား



မိုးတွေရွာစဲမှာ
သူနဲ့အတူတွဲလျှောက်ချင်တဲ့စိတ်နဲ့
မတော်တဲ့ဖိနပ်ကို
ကောက်ကောက်စီးနေမိတာကလည်း
အမှားတကာ့အမှားတွေထဲက
ပြန်မခြောက်တော့တဲ့အမှားပဲ......

မိုးတွေရွာစဲမှာ
သူပုခုံးဟိုဘက်အစွန်းလေးကို
မိုးရေတွေစိုနေမလားဆိုတဲ့စိတ်နဲ့
ထီးကို...သူဘက်တိုးတိုးပြီးဆောင်းပေးနေမိတာကလည်း
အမှားတကာ့အမှားတွေထဲက
ပြန်မခြောက်တော့တဲ့အမှားပဲ....

မိုးတွေရွာစဲမှာ
သူဝယ်ပေးထားတဲ့
တီရွပ္အက်ီၤအျဖဴေလးကို
ဖားတွေလာလာဥမလားဆိုတဲ့စိတ်နဲ့
ခဏခဏထုတ်ထုတ်လျှော်နေမိတာကလဲ
အမှားတကာ့အမှားတွေထဲက
ပြန်မခြောက်တော့တဲ့အမှားပဲ....

Wednesday, 4 July 2012

လူကြီးနဲ့ကလေး

ဂငယ်ကွေ့မှာဟက်ထိုးလဲတဲ့အကြောင်း
နောက်တနေ့အစီအစဉ်ထဲမှာ
ပါမလာဘူး...

အရိပ်ကိုဟောင်တဲ့ခွေးတွေ
လူကိုမကိုက်ခဲ့တဲ့အကြောင်း
ငါ့မှာသက်သေသာဓကအပြည့်ရှိပါတယ်

လူကြီးဖြစ်ကြောင်းအသိအမှတ်ပြုခံချင်ရင်
ကျေးဇူးပြုပြီး
သံပရာသီးတလုံးကို
မျက်စိမှိတ်ပြီးရွေးပြပါ...

ဂီတာကိုရိုက်ချိုးမလား
ဂီတကိုနားဆင်မလား
စဉ်းစား.....

နဲနဲလောက်ဖြစ်ဖြစ်အသုံးတည့်မယ်ထင်ရင်
ကျွန်တော့ကဗျာကို
ကော်ပီဆွဲထားလိုက်.....။