Wednesday 4 July 2012

လူကြီးနဲ့ကလေး

ဂငယ်ကွေ့မှာဟက်ထိုးလဲတဲ့အကြောင်း
နောက်တနေ့အစီအစဉ်ထဲမှာ
ပါမလာဘူး...

အရိပ်ကိုဟောင်တဲ့ခွေးတွေ
လူကိုမကိုက်ခဲ့တဲ့အကြောင်း
ငါ့မှာသက်သေသာဓကအပြည့်ရှိပါတယ်

လူကြီးဖြစ်ကြောင်းအသိအမှတ်ပြုခံချင်ရင်
ကျေးဇူးပြုပြီး
သံပရာသီးတလုံးကို
မျက်စိမှိတ်ပြီးရွေးပြပါ...

ဂီတာကိုရိုက်ချိုးမလား
ဂီတကိုနားဆင်မလား
စဉ်းစား.....

နဲနဲလောက်ဖြစ်ဖြစ်အသုံးတည့်မယ်ထင်ရင်
ကျွန်တော့ကဗျာကို
ကော်ပီဆွဲထားလိုက်.....။

5 comments:

  1. ကော်ပီတော့မဆွဲတော့ပါဘူး လိုအပ်ရင်တော့လာတောင်းမယ်

    ReplyDelete
  2. မိုက်လှချည်လား.. ကဗျာက
    တိုတိုလေးနဲ့ ထိတယ်

    ReplyDelete
  3. Copy ဆွဲထားလိုက်မယ် အစ်ကိုရေ
    ကျွန်တော် လူကြီးဖြစ်သလား
    မဖြစ်သေးဘူးလား
    ကျွန်တော် သံပုရာသီး ရွေးရဦးမလား
    ကဗျာလေး အရမ်းထိတယ်

    ReplyDelete
  4. ဆွဲထားလိုက်ပါပြီး.

    ReplyDelete
  5. ခံစားသွားပါတယ်...:-)

    ReplyDelete