Wednesday 25 July 2012

ဘီလူးငို..သရဲပြေး






ရူပါကဒီလောက်တောင်
လန်ထွက်အောင်လန်းနေမှတော့
ဘီလူးငို...သရဲပြေးရုံတင်မဟုတ်ဘူး
ပြိတ္တာတောင် ငုတ်တုပ်မေ့လောက်တယ်....။

သွားလေးတွေစာဖွဲ့ဦးမလား
နာဂစ်ဖြစ်တဲ့ ဧရာဝတီတိုင်းကအိမ်တွေရဲ့
ခြံစည်းရိုးတိုင်တွေနဲ့ 
နင်လားငါလား...အပြိုင်လှနေတယ်...

ဘယ်အကွာအဝေးကငေးငေး
တကယ်ဘီလူးငို..သရဲပြေးတယ်

မိုနာလီဇာတောင် မျက်နှာငယ်လေးနဲ့
လည်ပြန်ငေးရလောက်တဲ့
စိတ်ပျက်လက်ပျက် စွဲမက်ဖွယ်ကောင်းတဲ့
ဒီလိုအပြုံးမျိုး ...သတိရတိုင်းကြည့်နေချင်တယ်ဆိုရင်တော့
ဒီပုံလေးသာ ဒေါင်းသွားလိုက်ပါ....။

8 comments:

  1. ကဗျာလေးက လန်းတယ်ဟေ့ ။

    ReplyDelete
  2. ကဗျာဖတ်နေရင်းပုံကိုမကြည့်မိအောင်သတိထားနေရတယ်
    ပုံတော့မယူတော့ပါဘူး ကျေးကျေး

    ReplyDelete
  3. ဟဟဟဟ...ပုံနဲ့ အလိုက် ရေးတတ်ပါ့.
    လာအားပေးသွားတယ်။
    ဟီး...အဟီး...


    ခင်တဲ့
    မကြီးလွမ်း

    ReplyDelete
  4. မနာလိုဖြစ်နေတာမလားး သိတယ်သိတယ်...
    ဒါကြောင့်သူဒေါင်းထားတာ:P

    ReplyDelete
  5. ရွဲ့ကဗျာ
    ခနဲ့ကဗျာ

    ဘယ်လို ခေါင်းစဉ်တပ်ပေးရမလဲကို မသိတော့ပါဘူး။ ကဗျာလေးဖတ်လိုက် ပုံလေး ကြည့်လိုက်နဲ့ ရီချင်လိုက်တာ.. အပေါ်က ချစ်စံအိမ် ကော်မန့်လည်း ဖတ်ပြီးရော ပိုလို့ ရီချင်သွားတယ်။ ကဗျာလေးနဲ့ ပုံလေး လိုက်မှလိုက်။

    ခင်တဲ့
    မြတ်

    ReplyDelete
  6. မိုက်တယ်လေ ... ဆက်ရေးပါဗျို့
    ပုံတွေနဲ့ လိုက်အောင် ရေးဖွဲ့ထားတာ
    အရမ်းကြိုက်တယ်ဗျို့
    ဓာတ်ပုံတော့ ဒေါင်းသွားတော့ဘူး
    သရဲကားကြည့်ချင်တဲ့ အချိန်တိုင်းတော့
    လာကြည့်မယ်

    ReplyDelete
  7. myat khone layy ga hla dae naw..

    ReplyDelete