Sunday 22 April 2012

မျှော်လင့်ချက်



မီးလျှံတွေကြားထဲမှာပဲ
ကြယ်နှင်းဆီလေးဟာ
တိမ်တွေခြံရံပြီးမွေးဖွားလာခဲ့တယ်

ထိုမှတဖန်
တငြိမ့်ငြိမ့်ခုတ်မောင်းနေတဲ့
လှိုင်းလုံးတွေအလား..အနက်ရောင်ဖတ်စာတချို့နဲ့
လောကကိုဘာသာပြန်မှားစေခဲ့ပြန်တယ်

လွမ်းတယ်ကွယ်...
မာတိကာကနေ စာမျက်နှာ (၁၆)အထိ
မြစ်ရဲ့ကောက်ကြောင်းတွေကိုလွမ်းတယ်

သူရဲ့မျက်ခုံးလေးနှစ်ခုကြားက
နေရာလွတ်လေးကိုလွမ်းတယ်

သေချာစွာသိမ်းအုပ်ထုတ်ပိုးထားသော
နမိတ်ပုံဂီတသံစဉ်တွေအတွက်
ငါရဲရင့်ခွင့်ရတဲ့အခါ
အရာရာဟာ ချိုအေးမွှေးမြ
သေးနုတ်သိမ်ငယ်ခြင်းတွေခ၀ါချလို့
အိမ်အပြန်လမ်းကျဉ်းလေးမှာ
မနက်ဖြန်တွေစိမ်းလန်းနေရောပေါ့.....။

3 comments:

  1. ကွာ . . . တကယ်လန်းတယ်

    သူရဲ့မျက်ခုံးလေးနှစ်ခုကြားက
    နေရာလွတ်လေးကိုလွမ်းတယ်

    သေချာစွာသိမ်းအုပ်ထုတ်ပိုးထားသော
    နမိတ်ပုံဂီတသံစဉ်တွေအတွက်
    ငါရဲရင့်ခွင့်ရတဲ့အခါ
    အရာရာဟာ ချိုအေးမွှေးမြ
    သေးနုတ်သိမ်ငယ်ခြင်းတွေခ၀ါချလို့
    အိမ်အပြန်လမ်းကျဉ်းလေးမှာ
    မနက်ဖြန်တွေစိမ်းလန်းနေရောပေါ့.....။

    ဒီအပိုဒ်လေးက အထိဆုံးပဲ
    အရမ်းကြိုက်တယ်
    အခုတလော ကဗျာတွေ အရမ်းကောင်းနေတယ်

    ReplyDelete
  2. အရမ်းမိုက်တယ်.. ကဗျာလေးတွေရေးတာ တကယ်အသက်ဝင်တယ် :)

    ReplyDelete
  3. မျှောက်လင့်ချက်တွေအကောင်းဆုံးဖြစ်ပါစေကွယ်

    ReplyDelete