Wednesday 4 April 2012

ဘဝ



သက်တန့်လေးကိုအားကျလို့
ခုံးခုံးလေးနေနေခဲ့တာပါ
သံပုရာသီးတလုံးထင်ပြီး
သွေးတိုးလာစမ်းကြသေးရဲ့....

တံဆိပ်အစွဲနဲ့
ရေသန့်ချည်းနင်းကန်သောင်နေမိတော့
လျှာပေါ်မှာမြက်တွေပေါက်လာတယ်......

ခေါင်းပေါ်ကပလူပျံနေတဲ့
ဖိနပ်တွေကိုဖယ်ထုတ်ရင်း
ဖားဖြစ်လိုက် ....ငါးဖြစ်လိုက်ပေါ့

နတ်ကွန်းမဟုတ်ရင် 
အမွှေးတိုင်မထွန်းတက်တဲ့စိတ်ကြောင့်
တခါတလေ ဆင်နင်းခံရတယ်....

ထားလိုက်ပါလေ...
ငါ့မှာကိုယ်ပိုင်အလင်းရောင်မှမရှိတာ...
တကယ်ဆို...
လေတိုက်မှလှုပ်ခွင့်ရတဲ့ဘဝ
မွေးကတည်းက
နဂါးခေါင်းလှည့်တဲ့ဘက်မှားလာခဲ့တယ်....။

3 comments:

  1. ဘ၀က အနိမ့်အမြင့် ရှိပါတယ်
    အမြဲတမ်းကြီး မနိမ့်သလို
    အမြဲတမ်းလည်း မမြင့်ဘူး
    နေတတ်ဖို့သာ လိုပါတယ်
    ကဗျာက အရမ်းမိုက်တယ်
    အားပေးသွားတယ်နော်

    ReplyDelete
  2. ရေးတတ်လိုက်တာဗျာ...
    အားပေးသွားပါတယ်...:)

    ReplyDelete
  3. သက်သန့်လေးကိုအားကျပြီး
    ခုံးခုံးလေးနေတဲ့သူဆီကိုရောက်ခဲ့ပါတယ်

    ReplyDelete