Monday 18 June 2012

သူနဲ့ကျွန်တော်

သူ့အနားကိုရောက်ဖို့
ခွင့်ပန်စာရေးတုန်းက
ယောက်လမ်းတိပ်ကလဖက်ရည်ဆိုင်လေးတောင်
ခောတ်မမီသေးဘူး......။

သူနဲ့အတူမိုးတွေသည်းလာလို့
နီးစပ်ရာလဖက်ရည်ဆိုင်လေးကို
ပြေးဝင်တော့
လဖက်ရည်ဆိုင်လေးက.."  နွေရောက်ပြီလေ.."ဆိုတဲ့
သီချင်းဖွင့်ထားတယ်....။


သူ့နှလုံးသားဥယျဉ်ထဲမှာ
သစ်ပင်လေးတစ်ပင်စိုက်ဖို့
မျက်လုံးတွေနဲ့ရှေ့ပြေးအဖြစ်ပြောခဲ့တဲ့အချိန်တုန်းက
သူနှလုံးသားကဘာသားနဲ့ထုထားခဲ့သလဲ....

သူ့တိုက်အောက်မှာ

ဂစ်တာသွားထိုင်တီးတုန်းက
သူအခန်းလေးကိုငေးရင်း
သူနဲ့သာနီးစပ်ခွင့်ရခဲ့ရင်
လူဖြစ်ရတာအတော်ပျော်စရာကောင်းမယ်လို့
ခပ်ရေးရေး....တွေးကြည့်ခဲ့ဖူးတယ်





ဟိုးရှေးရှေးတုန်းကလူတွေကတော့
" မီး "ကိုဘယ်အချိန်တွေ့ခဲ့လဲမသိဘူး
ကျွန်တော်ကတော့...
တက္ကသိုလ်တစ်ခုရဲ့
ကင်တင်းတစ်ခုထဲမှာ..." မီး " ကိုစတွေ့ခဲ့တယ်






အရာရာကို ပုခုံးနဲ့ဝင်ဝင်တိုက်တတ်တဲ့
ဂျစ်တစ်တစ်လူငယ်
မုသားပြောတယ်...
ဆေးလိပ်သောက်တယ်..
အဲဒီဘ၀ဟာ...
သူ့စကားလေးတစ်ခွန်းမှာလက်နက်ချ
အရာရာကို ရိုးသားပြခဲ့ရတယ်...။






နိုဝင်လာလနောက်ဆုံးနေ့ရောက်ဖို့တရက်အလို
တီရှပ်အဖြူလေးတထည်ရယ်
သူ့နှလုံးသားကိုဖွင့်ဖို့သော့တံလေးတစ်ချောင်းရယ်
သူမျက်စောင်းလှလှလေးရယ်
ကျွန်တော့်ဘ၀ထဲကို
ညောင်ရွက်တွေကြွေသလို..
တဖွဲဖွဲကြွေကျခဲ့တယ်......

4 comments:

  1. ကဗျာလေးလာအားပေးသွားပါတယ်

    ခင်မင်လျှက်

    မဒိုးကန်

    ReplyDelete
  2. နွေရောက်ပြီလေ သီချင်းလေးအရမ်းကောင်းတယ်
    မီးကိုတွေ့ပြီးဘာတွေဖြစ်နေလဲ
    ပူများနေပြီလားသယ်ရင်းရေ

    ReplyDelete
  3. ကဗျာလေးက လှသလို ကဗျာထဲက ကောင်မလေးလည်း အရမ်းချစ်ဖို့ကောင်းတယ်

    ReplyDelete
  4. ဓါတ်ပုံလေးကတော့ အတော်ချစ်စရာဘဲ။
    ဒီနေ့တော့ အကုန်ကြည့် စာတွေအကုန်ဖတ်သွားတယ်။



    ခင်တဲ့
    မကြီးလွမ်း

    ReplyDelete