Tuesday 19 June 2012

ကျွန်တော့်ရဲ့နံရိုးလေးအကြောင်း

ကမ်းခြေတွေပါပဲ
လှိုင်းကိုစောင့်ကြိုနေခဲ့တာ
နောက်တော့လည်းအဲဒီကမ်းခြေပဲ
လှိုင်းကိုပုတ်ထုတ်..စက်ဆုပ်ဖို့ကောင်းတယ်

သူ့ရဲ့ဆေးသကြားလိုအပြုံးလေးမှာ
ငါရိုးသားတတ်ခဲ့တာ...
မနေ့က၀င်လာတဲ့ဆောင်းခိုငှက်တွေလည်း
ပြန်ထွက်သွားကြပေါ့..
နေလုံးကြီးကလည်း...အနောက်ဖက်တောင်တန်းတွေထဲဝင်သွားခဲ့ပြီ



ငါအသက်မရှူတော့ဘူးကောင်မလေးရေ
မင်းနဲ့အဝေးမှာအသက်ရှူနေရတာထက်
နှာခေါင်းလေးကိုပိတ်..
တိတ်ဆိတ်နေလိုက်တာပဲကောင်းမယ်...

ကောင်းကင်ပေါ်တက်ပြီး
မင်းဘ၀ထဲကို..ကြယ်လေးတွေခြွေချပေးချင်တာ
အခုတော့
ကောင်းကင်ကြီးပျိုကျလာတော့မလိုမျိုး...


 

နံရိုးကလေးတချောင်းအတွက်
သီချင်းတွေ တိုးတိုးလေးဆိုနေရဦးမယ်
တချိန်ကျရင်တော့..မတော်တော့တဲ့ဖိနပ်ကိုစီး
အဲဒီခရီးလည်းနီးလိမ့်မယ်..
ကြယ်တွေပန်ပြီး..ငါ့ကိုလွမ်းနေမယ့်ကောင်မလေးရေ
ဘယ်တော့မှမဝေးကြေးနော်...။


( အခုတလောတော့ဒီလိုမျိုးလေးတွေပဲရေးဖြစ်နေအုန်းမယ်ထင်ပါတယ်..ဂရုတစိုက်စာလာဖတ်ပေးတဲ့
သူအားလုံးကိုကျေးဇူးလည်းတင်ပါတယ်..တောင်းလည်းပန်ပါတယ်)

3 comments:

  1. လွမ်းနေတာလား
    ကဗျာလေး ကောင်းတယ်

    ReplyDelete
  2. မိုက်လှချေလား ကဗျာလေးက ... ကြယ်တွေပန်ပြီး ငါ့ကို လွမ်းနေမယ့် ကောင်မလေးတဲ့ ... စာသားလေးက ချစ်စရာ ကောင်းသလို ပုံလေးကလဲ ချစ်စရာလေး ...

    ReplyDelete
  3. ဒီလိုလေးတွေ ရေးတာလည်းကောင်းတာပါပဲ ကဗျာထဲက ကောင်မလေးကလည်း ချစ်စရာကောင်းတာကိုး

    ReplyDelete