Saturday 11 August 2012

ရင်ဘတ်ထဲကိုဓါတ်ခဲလာထည့်သွားတဲ့ကောင်မလေး



ငါ့ရင်ဘတ်ထဲဓါတ်ခဲလာထည့်သွားတဲ့
ကောင်မလေးရေ
အခုဆိုငါ့မှာ....
အမှောင်တွေလာတိုင်း လင်းလင်းပြနေရတာ
လူတွေကငါ့ကို...
လမ်းမီးတိုင်သေလို့ဝင်စားတဲ့ကောင်လို့
သတ်မှတ်ကုန်ကြပြီ.....

မျက်လုံးကလေးထောင့်ကပ်ပြီး
တိတ်တိတ်ကလေးပြုစားလိုက်သမျှ
ဝုန်း...ဆို..
လင်းလိုက်ရ
ဝုန်း....ဆို
မှောင်လိုက်ရနဲ့.....

လိုက်နာရမယ့်
လမ်းညွှန်ဆိုင်းဘုတ်တွေကလည်း
များပါ့...
ဘာကြောင့်များ...ဒီလို
နံရိုးတချောင်းကိုမှ
ကျကျနန...လိပ်ပြာသန့်ချင်မိမှန်း
မသိတော့ပါဘူး...

ဖြစ်နိုင်ရင်
ဟွန်း....ဆိုတဲ့အသံလေး
ခဏခဏမတီးပါနဲ့
ငါ့အချစ်တွေ..
တာကျိုးသလိုကျိုးရင်
ရေတွေလွှမ်းပြီး...မင်းမွန်းမှာစိုးတယ်

ဝယ်မလို့ကြည့်နေတာမဟုတ်ပါဘူး
လိုက်မလားလို့ငါ့ကိုမခေါ်ပါနဲ့
အုတ်တချပ်သဲတပွင့်လောက်ပဲဖြစ်ဖြစ်
နင့်ဘ၀ထဲကို
ကြော်ငြာဝင်ခွင့်ရရုံလေးပဲ...

10 comments:

  1. battery arr kone thwarr yin yaw? toshiba si ga battery lar wae naw. :P

    ReplyDelete
  2. ဘယ်လိုများ ရင်ဘတ်ထဲဓါတ်ခဲထည့်လိုက်သည်မသိရဘူး အဲဒီပညာ
    ကောင်မလေးဆီသွားသင်ဦးမယ်

    ReplyDelete
  3. ကဗျာလေးခံစားသွားပါတယ်ဗျာ...:-)

    ReplyDelete
  4. အဲကောင်မလေးတော်တော်စွမ်းတာပဲနော်...
    ရေးတဲ့သူလည်းတော်တယ်..:)

    ReplyDelete
  5. ဒါဆို အစ်ကိုက လက်နှိပ်ဓာတ်မီး ဖြစ်နေတာပေါ့
    ကောင်မလေး တစ်ချက်နှိပ်လိုက်တိုင်း
    လင်းလိုက် မှောင်လိုက်နဲ့
    သူ လျှပ်စစ်ဓာတ်အားသွင်းဓာတ်မီး မဝယ်သေးသရွေ့
    အစ်ကိုလည်း သူ့လက်ထဲမှာ
    လင်းလိုက်မှောင်လိုက် ဖြစ်နေဦးမယ် ထင်တယ်

    ReplyDelete
  6. ရေးလည်း ရေးတတ်ပါပေတယ်... :D

    ReplyDelete
  7. မြတ်နိုးသူ(MUFL)12 August 2012 at 21:34

    ဖြစ်နိုင်ရင်
    ဟွန်း....ဆိုတဲ့အသံလေး
    ခဏခဏမတီးပါနဲ့
    ငါ့အချစ်တွေ..
    တာကျိုးသလိုကျိုးရင်
    ရေတွေလွှမ်းပြီး...မင်းမွန်းမှာစိုးတယ်
    အားပေးသွားပါတယ်နော်

    ReplyDelete
  8. ရေးထားတဲ့စာသားတွေအားလုံးကြိုက်တယ် အုတ်တချပ်သဲတပွင့်လောက်ပဲဖြစ်ဖြစ်
    နင့်ဘ၀ထဲကို
    ကြော်ငြာဝင်ခွင့်ရရုံလေးပဲ.... ဒါလေးကိုအကြိုက်ဆုံးပဲ :)

    ReplyDelete
  9. ဖြစ်နိုင်ရင်
    ဟွန်း....ဆိုတဲ့အသံလေး
    ခဏခဏမတီးပါနဲ့
    ငါ့အချစ်တွေ..
    တာကျိုးသလိုကျိုးရင်
    ရေတွေလွှမ်းပြီး...မင်းမွန်းမှာစိုးတယ်...


    ကောင်းလိုက်တဲ့ စာသားလေး...အားပေးသွားတယ်။

    ReplyDelete