မထင်ထားပါပဲ
မျက်ရည်တွေသယ်လာတဲ့တိမ်တွေ
သဲသဲမဲမဲကိုရွာတယ်...
ပွဲသိမ်းခရာမှုတ်နေတာတောင်မှ
အလိုက်တသိဇာတ်သိမ်းပေးလိုက်ဖို့
ငါက...အရှက်မရှိခဲ့ဘူး...
အချစ်က
နေမင်းဆယ်ဆူ...ပြိုင်တူပူသလိုမျိုးဆိုလည်း
နောက်ဆုံးလက်ကျန်သွေးစက်တွေထိ
မဝေးသွားဖို့တွယ်ကပ်နေဦးမယ်...
အနိုင်ယူတတ်လွန်းသူအတွက်
အရှုံးတွေနဲ့..နေသားတကျရှိအောင်
သင်ယူထားပါရဲ့...
ဖြစ်နိုင်ရင်သာ
လေလှိုင်းပေါ်က
နင်နဲ့စကားပြောခွင့်လေးတွေ
ခဏခဏမတွန်းထုတ်ပါနဲ့လား...
နင်မေးနေကျ
ငါမဖြေတတ်တဲ့မေးခွန်းတွေရဲ့အဖြေကို
ခေါင်းလေးကုတ်စဉ်းစားရင်းနဲ့
ငါ...
ပျော်ပျော်ကြီးရှုံးနေပါရစေ..။
မျက်ရည်တွေသယ်လာတဲ့တိမ်တွေ
သဲသဲမဲမဲကိုရွာတယ်...
ပွဲသိမ်းခရာမှုတ်နေတာတောင်မှ
အလိုက်တသိဇာတ်သိမ်းပေးလိုက်ဖို့
ငါက...အရှက်မရှိခဲ့ဘူး...
အချစ်က
နေမင်းဆယ်ဆူ...ပြိုင်တူပူသလိုမျိုးဆိုလည်း
နောက်ဆုံးလက်ကျန်သွေးစက်တွေထိ
မဝေးသွားဖို့တွယ်ကပ်နေဦးမယ်...
အနိုင်ယူတတ်လွန်းသူအတွက်
အရှုံးတွေနဲ့..နေသားတကျရှိအောင်
သင်ယူထားပါရဲ့...
ဖြစ်နိုင်ရင်သာ
လေလှိုင်းပေါ်က
နင်နဲ့စကားပြောခွင့်လေးတွေ
ခဏခဏမတွန်းထုတ်ပါနဲ့လား...
နင်မေးနေကျ
ငါမဖြေတတ်တဲ့မေးခွန်းတွေရဲ့အဖြေကို
ခေါင်းလေးကုတ်စဉ်းစားရင်းနဲ့
ငါ...
ပျော်ပျော်ကြီးရှုံးနေပါရစေ..။