Tuesday 27 March 2012

လာခြင်းကောင်းသော်လည်း .....ပြန်ချိန်စောခဲ့သည်




တိမ်တွေရွေ့နေတာရပ်သွားရင်
အဲဒီလမ်းလေးမှာ သစ်ရွက်တွေကြွေနေတာရပ်သွားမလားမသိ
နွေရေအိုင်တွေ နဂါးငွေ့တန်းတွေအောက်မှာ
အခါခါခန်းခဲ့ရ
အိပ်မက်သေတွေထမ်းပိုးလာရတာ
မောရင်အဲဒီမှာခဏနားပါဦး.....
ဆောင်းကြိုးပြက်ရွာမွန်းမတည့်မီ ၂၄ နာရီ
အလို........
ဆိုင်းမဆင့် ဗုံမဆင့်
သူကထွက်ခွာသွားနှင့်ပြီ.....
အလင်းတွေလက်ဖြာလွန်းရင်
ကြွေချိန်စောလေသလားမသိ
အခုတော့...
မိုးခေါင်လို့တီးတဲ့ဗုံသံတွေ
ဘယ်ကဆက်ကြားရမည်မှန်းမသိ
မသိခြင်းများစွာက....ငါတို့စိတ်တွေထဲမှာလဲလျောင်း
ရင်ဘတ်တစ်ခုလုံးကိုဖြန့်ခင်း
စာပေယဉ်ကျေးမှု အသစ်ကိုထွန်းကားစေသူ
နှင်းလမ်းတွေ အတက်အဆင်းမှားခြင်းမှ
ဘ၀တိုင်းမှာဝေးပါစေ.....။

(ကျွန်တော်ဒီကဗျာလေးကိုရေးထားခဲ့တာကြာပါပြီ။ အခုမှ တင်ဖြစ်သွားတာပါ။ ဒီကဗျာလေးကိုမတင်ခင်စဉ်းစားပါသေးတယ်။ ကျွန်တော့မတက်တခေါက်ကဗျာလေးက(ဆရာ) တာရာမင်းဝေကိုစော်ကားသလိုများဖြစ်နေမလား ဆိုပြီးတော့ဒါပေမယ့် တင်ချင်တဲ့ စိတ်ကပိုများနေတာကြောင့် မျက်စိစုံ မှိတ်ပြီး တင်လိုက်မိပါတယ်။ အမှားအယွင်းတွေရှိခဲ့ရင်ဝေဖန်ပေးကြပါဦးလို့.. ဓါတ်ပုံလေးတွေ ကတော့တခြားဆိုဒ်များမှကူးယူဖော်ပြပါတယ်ခင်ဗျာ...(ဆရာ)တာရာမင်းဝေရဲ့နောက်ဆုံးရေးသွားတဲ့ ကဗျာလေးပါတင်ပေးလိုက် ပါတယ်....)
(ကဗျာလေးတွေလာရောက်ခံစားပေးတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးကို မင်းမုန်းတဲ့သူ မှအထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ)

1 comment:

  1. ကဗျာလေးကို တစ်ပုဒ်လုံးနားမလည်ပေမယ့် နားလည်တဲ့အပိုင်းလေးတွေကိုကြိုက်တယ် ....

    ReplyDelete