Thursday 1 March 2012

အလိုက်တသိ

ကောင်မလေးရေ
မင်းဘ၀လေးကိုပိုမိုတောက်ပလာစေဖို့အတွက်
မင်းလေးကို sign out လုပ်ခဲ့ပြီ
စိမ်းတစ်ခါ နီတလှည့်နဲ့
ငါလိုကောင်က မင်း account ထဲကလူတွေလောက်
connection မကောင်းခဲ့ပါဘူး
ငါကမင်းဘ၀အတွက် offline ဖြစ်နေတဲ့
ခပ်ညံ့ညံ့ account တစ်ခုပါ..
အဲဒီတော့ block လုပ်မခံရခင်
ငါကိုယ်တိုင်ပဲအလိုက်တသိနဲ့
sign out လုပ်ခဲ့ပြီ...
မင်းဘ၀လေး အမြဲတမ်း  available ဖြစ်ပါစေ....။

1 comment:

  1. ကျွန်တော်ကတော့ Idle ဖြစ်နေတယ်။ ကောင်မလေးရယ် ဘယ်မှာပုန်းရှောင်နေတာလဲကွယ်။

    ReplyDelete