Tuesday 20 March 2012

ချစ်သူသို့


ချစ်သူရေ
စိတ်ချထားလိုက်ပါကွယ်
ငါက မင်းရင်ခွင်တစ်ခုသာ ငါဘ၀ရဲ့
အဆုံးသတ်ပန်းတိုင်လို့သတ်မှတ်ထားသူပေါ့
ငါက ဘယ်လိုတွန်းတိုက်မှုမျိုးနဲ့မှ
ယိုင်နဲ့မသွားတဲ့ကျောက်ရုပ်တစ်ရုပ်ပါ
ဒါပေမယ့်
မင်းတော့ အသက်ပြင်းပြင်းလေးတောင်မရှူလိုက်ပါနဲ့ကွယ်
ငါ အစိတ်စိတ်အမွှာမွှာကြေမွသွားလိမ့်မယ်
ချစ်သူရေ
စိတ်ချထားလိုက်ပါကွယ်
မင်းလက်ဖ၀ါးလေးတစ်ခုသာ ငါမြဲမြံစွာတွဲဖို့စိတ်ကူးထားသူပါ
ဘယ်လိုအချိန်အခါမျိုးမှာပဲဖြစ်ဖြစ်
ဘာကိုမှ တွဲသွာဖို့ မဖြစ်နိုင်ပါဘူးကွာ
မင်းလက်ဖ၀ါးလေးတစ်ခုကသာငါ့ကို
အားအင်တွေးပေးစွမ်းနိုင်မှာ.......။

1 comment:

  1. စိတ်ချထားလိုက်ပါကွယ်
    ငါက မင်းရင်ခွင်တစ်ခုသာ ငါဘ၀ရဲ့
    အဆုံးသတ်ပန်းတိုင်လို့သတ်မှတ်ထားသူပေါ့----
    တကယ်အချစ်စစ်သမားပီသတယ်

    ReplyDelete