Thursday 29 March 2012

ပန်းပုထုခြင်း

ဆေးဆိုးပန်းရိုက်တွေများလာသော
ရေစီးချောင်းထဲမှာ
ဖြူစင်ခြင်း ၀ိဥာဉ်တွေ
တဖြည်းဖြည်းရှားလာခဲ့ပြီ်
တကယ်တော့လောကကြီးက
ငါးမျှားချိတ်တွေသက်သက်သာ
ချကျွေးနေခဲ့တာပါ....
အမှန်တရားကိုထွန်ယက်ရင်းနဲ့ပဲ
အမှန်တရားကိုမြေကြီးထဲမှာမြှုပ်
ဟိုးအဝေးသဲ့သဲ့ဆီက အိမ်အပြန်မိုးချုပ်သူကလေးရဲ့
ငိုသံသဲ့သဲ့ကြားတယ်.......
တကယ်တော့သူလည်းပန်းတပွင့်ပါပဲ
အသက်ရှူပုံလေးပဲ ကွဲတာပါ
နှလုံးသားကိုပုံပြင်တပုဒ်နဲ့ချော့သိပ်မယ်
အတိတ်ကို လက်ချိုးရေလို့ရရင်
တိမ်တွေရီးလေးခိုပြီးလိုက်သွားချင်သေးရဲ့
အနားသတ်မျဉ်းတွေ ...မလှတဲ့ဘ၀ကို
ချိန်ခွင်မှာ ချိန်ကြည့်တဲ့အခါ
တခါတခါ ...နည်းနည်းခါးတယ်
အရိုးများရင် ဈေးကြီးတယ်တဲ့
သူငယ်ချင်းရေ.......
ဈေးခြင်းကြီးဆွဲလာပြီးမှတော့.....တစ်ခုခုတော့ဝယ်လိုက်ဦးပေါ့......။

4 comments:

  1. အနားသတ်မျဉ်းတွေ ...မလှတဲ့ဘ၀ကို ဆိုတာက

    ဒေါ့တွေမထည့်ပဲ ဆက်ရေးရင် ပိုဖတ်ရတာ ကောင်းမလားမသိဘူး ...
    ဒေါ့တွေခံလိုက်တော့ .. .အနားသတ်မျဉ်းတွေ ဆိုတာက သပ်သပ် မလှတဲ့ဘ၀ကိုဆိုတာက သပ်သပ်ဖြစ်နေသလားလို့ပါ ...
    သိသလောက်လေး ပြောကြည့်တာပါ ...
    ကဗျာလေးက တကယ်ကောင်းပါတယ်. ..

    ReplyDelete
  2. ဟုတ်ပါတယ်ခင်ဗျာ...ဒေါ့တွေမပါရင်ပိုအဆင်ပြေမယ်ထင်တယ်နော်

    ReplyDelete
  3. ကဗျာလေး ခံစားသွားပါတယ် သူငယ်ချင်း :)

    ReplyDelete
  4. ဆေးဆိုးပန်းရိုက်တွေများလာသော
    ရေစီးချောင်းထဲမှာ
    ဖြူစင်ခြင်း ၀ိဥာဉ်တွေ
    တဖြည်းဖြည်းရှားလာခဲ့ပြီ်-----အင်း အဲတာကတော့အမှန်ဆုံးပါပဲ

    ReplyDelete