Tuesday, 29 May 2012
မျှော်လင့်ရင်းရူး
ငါတို့အချစ်ရထားလေး
ဘူတာရုံကလေးကိုတွဲလောင်းခိုစီးလို့
သက္ကရာဇ်တွေတစ်ခုပြီးတစ်ခု
ခုတ်မောင်းခဲ့ဘူးတယ်...
လမ်းထိပ်အုပ်ခုံလေးမှာထိုင်ပြီး
သူကျောင်းပြန်လာမယ့်အချိန်ကို
အလွမ်းတွေမီးညှိလို့
မီးခိုးတွေအူနေအောင်လည်း
သောက်ခဲ့ဖူးတယ်....
စုမြတ်ရေ..
ငါက....မိုးတွေရွာလာလို့
စိမ်းစိုနေတတ်တာကလွဲရင်
နင့်ကိုရိုးရိုးသားသားချစ်မိခဲ့တဲ့
သာမန်သစ်ပင်လေးတပင်ပါပဲ....
နှစ်ယောက်တဘ၀ဆိုတဲ့
စိတ်ကူးယဉ်ဒိုင်ယာရီလေးမှာ
ထင်းရှူးပင်ကလေးတွေစိုက်ထားတယ်
တခမ်းတနားကြွေနေတဲ့...ကံ့ကော်ရွက်တွေလည်းရှိတယ်
နင့်ကိုသတိရတဲ့စိတ်တွေ..တိတ်တိတ်ကျိတ်စုထားတဲ့
မှုန်ဝါးဝါးဓါတ်ပုံအဟောင်းလေးလည်းရှိတယ်
ဘ၀ဆိုတဲ့ဘက်စ်ကားအိုကြီးကိုစီးဖို့
ငွေစက္ကူတွေသိပ်များများမလိုဘူး
ဒုက္ခတွေကြုံလာခဲ့ရင်လည်း
အချစ်နဲ့လိုက်တန်းပြေးတန်းကစားကြမယ်...
အော်...
တိုင်ကပ်နာရီကြီးတောင်..အိပ်မောကျပေါ့
ငါ့ရဲ့ကြယ်တွေစီထားတဲ့မျှော်လင့်ချက်ကလေး
ဘယ်တော့မှများ..မိုးချုပ်မလဲမသိ..။
Monday, 21 May 2012
ဆေးခါးတခွက်
ကောင်းကင်ကကျလာတဲ့
မိုးစက်မိုးပေါက်လေးတွေ
ရေချိုးခွင့်မရခဲ့ကြဘူး
တကိုယ်ရေတကာယ ဒန်ဖလားတလုံးကို
ရွှေကွပ်နေရတာနဲ့ပဲ
မြေကြီးထဲစိမ့်ဝင်...ဘ၀တွေဆုံးကြရတယ်
အတ္တတွေကို တရုတ်စကားပင်ကလေးမှာချိတ်
red ruby တလိပ်ကို တိတ်တိတ်ကျိတ်ဖွာရင်း
tab တွေအသုံးများလာတာထက်
အသက်ထွက်မတက်ရုန်းကန်နေရတာခက်တယ်လို့
သူတို့...သူတို့တွေကိုယ်စား ပြောပြချင်တယ်..(လောကကြီးကို)
ကမ္ဘာစောင်းစောင်းကြီးဟာ
အတန်းစားမမျှတမှုနဲ့
ခပ်စောင်းစောင်း ဘက်စ်ကားလို
ခပ်ညစ်ညစ်လဖ္ဘက်ရည်ခွက်တလုံးထဲက
ဇွန်းမတတ်ထားတဲ့ လဖ္ဘက်ရည်ချိုပျစ်ပျစ်လို
အသက်ရှူသံတွေက စောင်းနေတယ်....
ကဲ....
ကမ္ဘာကြီးရယ်..
သင်လုံးနေသမျှကာလပတ်လုံး
ကျွန်ုပ်တို့မပြားပါဘူး....
ဒါပေမယ့် ...တို့တွေနေ့တဒူဝသောက်နေရတဲ့.
ဆေးခါးလေးတခွက်....
မင်းကိုမြည်းကြည့်စေချင်တယ်ဆိုရုံလေး....ဆန္ဒရှိမိတာ
အရိုးခံစိတ်ရင်းတွေနဲ့ပါ.....။
Friday, 18 May 2012
လမ်းလေး
လမ်းလေး
ရွက်ခြောက်ကြွေတွေ
ဝါးရုံပင်ရိပ်တွေနဲ့
နတ်လူသာဓုခေါ်တဲ့
သောက်ရေအိုးစင်လေးရှိတယ်
ခြေလှမ်းလိုက်ရင်း
ဖိနပ်မြုပ်မတတ်
ဖုန်မှုန့်တွေနဲ့လမ်းလေးမှာ
လျှောက်ဝင်လာသူတွေ
ပြန်ထွက်သွားခဲ့သူတွေ
ခရီးတထောက်နားခဲ့သူတွေ
ရှိခဲ့ကြဖူးရဲ့
ဘယ်လောက်ပဲလျှောက်ဝင်ခဲ့ကြ၀င်ခဲ့ကြ
အချိန်တန်တော့လည်း
လိုရာခရီးဆက်ကြစမြဲမို့
နောက်ဆုံးတော့လည်း
လမ်းလေးပဲ
ဖုန်တွေထထပြီးကျန်ခဲ့တယ်...။
Monday, 14 May 2012
ဘယ်လိုလဲ.....ဖြေ
လိပ်ပြာရယ်သံတွေနဲ့
ခရမ်းရောင်ဥယျာဉ်ကြီးထဲက
စွယ်တော်ရွက်လိုဘ၀လေး
နွေးထွေးနေသေးလား...။
အစိမ်းရောင်massage များ၊ အစိမ်းရောင် ဝေါဟာရများ
အစိမ်းရောင်တယ်လီဖုန်းမြည်သံ၊ အစိမ်းရောင်ဝတ်ကျေတန်းကျေများ
တဖြည်းဖြည်းစိမ်းလာတဲ့ ငါတို့ရဲ့သံယောဇဉ်က
ထွက်ခွာဖို့အချက်ပြနေတဲ့ မီးပွိုင့်အစိမ်းလေးလိုလား..။
အနေဝေးရင်သွေးအေးတတ်တယ်ဆိုတာ
ငါ့အတွက်တော့မုသားတွေသက်သက်ပါ
နေ့ရှိတိုင်း ပူလောင်ပြင်းပြ
နတ်ပြည်တပိုင်း ငရဲပြည်တပိုင်းဘ၀လေး
တမ်းတတယ်....
ဆီးနှင်းတွေတပွေ့တပိုက်နဲ့
ငါရောက်ခဲ့မှာပေါ့.....
ငါရဲ့ဆောင်းရာသီလေးရေ
မင်းကငါအမက်ချင်ဆုံး အိပ်မက်လေးပါ
မယုံဘူးဆိုလည်း..
ငါ့မျက်လုံးတွေနဲ့ခဏလောက်မင်းအိပ်ကြည့်
အိပ်မက်တွေဘယ်လောက်မက်ခဲ့ကြောင်း
မင်းသိလိမ့်မယ်...

Wednesday, 9 May 2012
လွတ်လပ်ရေးနေ့ဘောလုံးပွဲ ( တိုင်းကျော်ရွာ vs ငပရွာ)
လွတ်လပ်ရေးနေ့မရောက်ခင်နှစ်ရက်ခန့်အလိုတွင်ဖြစ်သည်။ ငပရွာနှင့်တိုင်းကျော်ရွာလေးနှစ်ခုလုံးစည်ကားနေကြလေသည်။အကြောင်း
ကနှစ်စဉ်ကျင်းပနကျ ဖြစ်သော လွတ်လပ်ရေးနေ့ ဒိုင်းဆုကြီး အတွက်ဖြစ်လေသည်။ မနှစ်ကလွတ်လပ်ရေးနေ့ဒိုင်းဆုကြီးကိုငပရွာက ဆွတ်ခူးသွားသဖြင့်တိုင်းကျော်တရွာလုံး မခံမရပ်နိုင်ဖြစ်ကာဒီနှစ်ကိုအရ
ပြန်ယူမည်ဟုကျုံးဝါးနေကြလေသည်။
ကမ္ဘာပေါ်တွင်ဘောလုံးအားကစားကအတော်လူကြိုက်များ လာသကဲ့သို့သည်ရွာလေးနှစ်ရွာတွင်လည်းလူကြိုက်များလာခဲ့လေသည်။ မြို့နှင့်အနည်းငယ်မျှ အလှမ်းဝေးသော်လည်းမြို့ပေါ်သို့ ဈေးတက်ရောင်းသူများရှိသဖြင့် မြို့မှ
ယူလာသောရက်လွန်ဂျာနယ်များဖတ်ကာအတော်အတန်သိနှင့်နေကြလေ သည်။ ထိုထဲတွင်အကဲဆုံးမှာ သာအေးတို့လင်မယားဖြစ်လေသည်။ သာအေးကဘောလုံးသမားရူးရူးခြင်းမဟုတ်သူကဒိုင်လုပ်လိုခြင်းသာဖြစ်
လေသည်။ မြရီကမူ ဘောလုံးသမားချောချောလေးများအကြောင်းကို
ဖတ်ကာ ရွာထဲတွင် ဖောက်သည်လိုက်ချခြင်းဖြစ်သည်။ " ဟို... စီရော်နယ်ဒိုဆိုတဲ့ကောင်လေးလေ " " အဲဒီကောင်လေးက အရင်ဘောလုံးမကန်ခင်ဆီရောင်းတာတဲ့.." အင်း...မတတ်နိုင်။ စီရော်နယ်ဒိုသည်လည်း မြရီနှင့်တွေ့မှ ဆီသည်ဖြစ်လေသည်။ သာအေးကတော့ဒိုင်တွေပုံကိုကြည့်ကာလိုက်တုလေသည်။ နေရာတကာ ၀ီစီတမှုတ်မှုတ်နှင့်ရှိလေသည်။ ယုတ်စွအဆုံး အိပ်ရင်တောင် ၀ီစီကိုလည်ပင်းမှဆွဲပြီးအိပ်တက်သည်။အာဂလင်မယားပါလား။
ငပရွာလေးတွင်တော့အိမ်ခြေ (၅၀) ခန့်ရှိလေသည်။ အိမ်ခြေငါးဆယ်ခန့်ရှိသည့်အနက်ထက်ဝက်ခန့်သည် သောင်းဖေတို့ အမျိုးများဖြစ်လေသည်။ ထိုကြောင့်ဘောလုံးကန်ရာတွင်လည်း သူတို့ အမျိုးများသာ နေရာယူထားကြလေသည်။ ဒီနှစ်တော့ သောင်းဖေ၏
ယောက်ဖနေမကောင်းသဖြင့် မပါနိုင်ဟု သတင်းထွက်နေလေသည်။

သောင်းဖေ၏ယောက်ဖမှာရွာနှစ်ရွာစလုံးတွင်နာမည်ကြီးလေသည်။ အကြောင်းမှာသူသည်ဘောလုံးအတွေ့အကြုံတော်တော်များခဲ့ သော ကြောင့် ဖြစ်သည်။ သူသည်(၅) နှစ်လောက် မြို့ပေါင်းစုံ ဘောလုံးပြိုင်ပွဲ များတွင်ဘောကောက်လုပ်ခဲ့ဖူးလေသည်။ ဘောလုံးတော့တစ်ပွဲမှမကန် ခဲ့ရပေ။ သိုသော် ရွာနှစ်ရွာစလုံးတွင်ဘောလုံးနှင့်နည်းနည်းမျှ ပက်သက်ဖူးသူမရှိသဖြင့် သူသည်နာမည်ကြီးလေသည်။
လွတ်လပ်ရေးမတိုင်တရက်အလို....။ ဘောလုံးပွဲအတွက်ပြင် ဆင်ကြလေပြီ။နှစ်ဖက်အသင်းမှကစားသမားများကလည်းအင်္ကျီဝယ်ခြင်း၊ ဖိနပ်ဝယ်ခြင်း၊ နည်းပြများကလည်း ဂျာနယ်ထဲတွင်တွေ့သည့် အတိုင်းလိုက်ဝတ်နိုင်ရန်ပြင်ဆင်ကြလေသည်။ထုံးစံအတိုင်းသာအေးတို့
လင်မယားကအကဲဆုံးပင်သာအေးကဒီနှစ်ပွဲတွင်ဒိုင်လုပ်ရမည်ဖြစ်သည်။ မနှစ်ကဟိုဖက်ရွာကဒိုင်လုပ်ခဲ့သဖြင့်ဒီနှစ်တော့ သာအေးတို့ရွာကဒိုင် လုပ်ခွင့်ရပြီး စည်းကြပ်ဒိုင်ကိုတော့ဟိုဖက်ကတာဝန်ယူပေမည်။ သာအေးသည်ဂျာနယ်ထဲတွင်တွေ့သည်ပုံများအတိုင်းလိုက်ပြင်လေသည်။
အင်္ကျီအမဲနှင့် ဘောင်းဘီအမဲကို မြို့ပေါ်မှမရမကရှာဝယ်ခဲ့သည်။ အင်္ကျီကတော့အဆင်ပြေလေသည်။သို့သော်တံဆိပ်အတွက်ကဂွကျ

လေသည်။ သူ့တွင်တံဆိပ်မရှိချေ။ နိုင်ငံတကာဒိုင်များတွင်လက်မောင်း မှာ တံဆိပ်တစ်ခုပါလေသည်။ ဘာတံဆိပ်လဲတော့မသိ၊လိုက်ရှာ သည်။ တွေ့ပြီ။သူသားကျောင်းအင်္ကျီလက်မောင်းမှတံဆိပ်ကိုသွားတွေ့
ခြင်းဖြစ်သည်။ တံဆိပ်ကိုခွာသည်။ သူ့အကျီတွင်ပြန်တက်လိုက်သည်။ တံဆိပ်မှာကား အ.ထ.က (၂) မြင်သာဟူပြီးဖြစ်သည်။မတက်နိုင် တံဆိပ်ရှိဖို့ သာလိုသည်။
ကဲ..မြရီအလှည့်ရောက်ပြီ။ မြရီကသည်လို မြရီသည်လည်းဘောလုံး အရမ်းကန်ချင်သည်။ သို့သော် မိန်းမဖြစ်နေသောကြောင့်ခက်သည်။ ထို့ကြောင့်သာအေးကို အပူကပ် သည်။ သာအေးကမြရီဆိုနှစ်ခါမပြော ရ။ သူရအောင်လူလဲပေးမည် ဟုပြောသည်။ မြရီကဘောလုံး အင်္ကျီတစ်စုံမြို့ပေါ်မှဝယ်ထားလေသည်။ ဘောလုံးဖိနပ်ကတော့အဖြူ
ရောင်ကင်းဗတ်တရံဝယ်ခဲ့သည်။သူလည်း ခက်နေ သည် မှာ တံဆိပ် ပင်ဖြစ်သည်။သူ့ဖိနပ်တွင်တံဆိပ်မပါဖြင့်သူ့ဖာသာသူလုပ်လေသည်။
ဘောလုံးဖိနပ်များတွင်သူသတိထားမိသလောက်အမှန်ခြစ်ထားခြင်းဖြစ် သည်။ အဲတော့သူဖိနပ်တဖက်တွင် အမှန်ခြစ်လေးခြစ် လိုက်သည်။ nike တံဆိပ်မှန်းသူမသိပေ။ နောက်တဖက်တွင် ဘာခြစ်ရမည်နည်း ခက်တာသူကလည်းနှစ်ဖက်လုံး မကြည့်လိုက်မိ။ အင်း...သိပြီ။ နောက်တဖက်ကို ကြက်ခြေခတ် လိုက်သည်အမှန် နဲ့ အမှား ပေါ့။ သူအတွေးနှင့်သူတော့ဟုတ်နေသည်။
ကမ္ဘာဖလားဘောလုံးပွဲတုန်းကလိုဘောလုံးပွဲအစတွင်သီချင်းဖွင့်ဖို့ အတွက် ရွာနှစ်ရွာတိုင်ပင်နေကြခြင်းဖြစ်သည်။ ငပရွာကရွာသားများက စိုင်းစိုင်းခမ်းလှိုင်၏ " နွေရာသီလမ်းခွဲ" ဖွင့်ဖို့ပြောသည်။ စိုင်းစိုင်းခမ်းလှိုင်ပရိတ်သတ်များဖြစ်သည်။ တိုင်းကျော်ရွာကတော့ မျိုးကြီးရဲ့ " မလာပါနဲ့ "ဖွင့်ဖို့ပြောသည်။ နောက်ဆုံးတဖက်နှင့် တဖက်ညှိကြရင်းဖြင့် ဗညားဟန်၏ " သမုဒယ၀ါဆိုမိုး "ဖွင့်ဖို့သဘော
တူကြလေသည်။ ဘောလုံးပွဲနှင့်သမုဒယ၀ါဆိုမိုးနှင့်ဘာမျှမဆိုင်...။
လွတ်လပ်ရေးနေ့။ ရွာနှစ်ရွာအလည်ဘောလုံးကွင်းတွင်လူများ ပျားပန်းခတ်မျှစည်ကားနေကြလေသည်။ အော်လံအခု (၄၀) ဖြင့်ဖွင့်ထား

သောဗညားဟန်၏သီချင်းကလည်းနားကွဲမတတ်ပင်။ ကွင်းထဲတွင်
ဘောလုံး သမားများနေရာယူကြသည်။ ဒိုင်လုပ်မည့်သူကတော့ ထုံးစံအတိုင်းသာအေးဖြစ်သည်။အင်္ကျီအမဲဝတ်စုံနှင့်ဖြစ်သည်။ ခေါင်းပန်း လှန်ရန် အကြွေစေ့မရှိသဖြင့် အအေးပုလင်းအဖုံးနှင့်လှန်သည်။ ကိစ္စမရှိလှန်လို့ရဖို့အရေးကြီးသည်။ ဘောလုံးပွဲစလေပြီ။ ငပရွာက အပေးအယူအချိတ်အဆက်မိလေသည်။အမျိုးများသောကြောင့်ဖြစ်သည်။ အမျိုးတွေကြီးပဲဖြစ်သဖြင့် နားလည်မှုရှိလေသည်။ တိုင်းကျော် ရွာလေးကခံစစ်သာကစားလေသည်။ဘောလုံးပွဲများမှနည်းပြများအတိုင်း
နှစ်ဖတ်နည်းပြများကအပြင်မှနေပြီးအော်ကြသည်။သို့ရာတွင်ဘာအော်ရ
နှစ်ဖတ်နည်းပြများကအပြင်မှနေပြီးအော်ကြသည်။သို့ရာတွင်ဘာအော်ရ
မှန်းမသိ။ သည်တော့ရောက်တက်ရာရာတွေအော်သည်။
" ဟေ့ကောင် ဘောပွဲပြီးရင်မင်းနဲ့ငါနဲ့ထန်းရည်သွားသောက်မယ် "
" မင်းခြေအိတ်ကလေးလှတယ်..ဘာတံဆိပ်လဲ "
" မင်းခြေအိတ်ကလေးလှတယ်..ဘာတံဆိပ်လဲ "
" မနေ့ကွာ နှစ်လုံးထီပေါက်ခါနီး ရှေ့ဂဏန်းနဲ့ နောက်
ဂဏန်းပဲလွဲတယ် " " အိုဇုန်းလွှာပေါက်တာဟုတ်မယ်ကွ..တော်တော်ပူလာပြီ " တကယ့်ဘောလုံးပွဲများတွင်နည်းပြများကအပြင်မှနည်းစနစ်များညွှန်ကြား
ဂဏန်းပဲလွဲတယ် " " အိုဇုန်းလွှာပေါက်တာဟုတ်မယ်ကွ..တော်တော်ပူလာပြီ " တကယ့်ဘောလုံးပွဲများတွင်နည်းပြများကအပြင်မှနည်းစနစ်များညွှန်ကြား
ခြင်းဖြစ်သည်။ သိုသော်သည်နည်းပြတွေကတော့ပြောချင်ရာစွတ်အော်
ကြသည်။ အော်နေရရင်ပြီးရော။ ဒါမှလည်းနည်းပြအစစ်တွေနှင့် တူပေမည်။ ပထမပိုင်း (၄၅) မိနစ်ပြီးဖို့အချိန်ကနီးကပ်လာပြီ။ တဖက်နှင့်တဖက်ဂိုးမသွင်းနိုင်သေး။ ရွှီး.....ခရာမှုတ်သံ။ ပထမပိုင်းပြီးပြီ။
ဒုတိယပိုင်းပြန်စလေပြီ။ သာအေးကသူ့မိန်းမကိုထည့်ဖို့ စဉ်းစားရသည်။တယောက်ယောက်ကိုထုတ်မှရမည်။ ဒါမှမြရီဝင်ရမည်။ လူလိုက်ရှာသည်။ မင်းဆွေကိုထုတ်မည်။ မင်းဆွေဆိုသည်မှာ ရွာထဲတွင်ဦးနှောက်သိပ်မကောင်းသည့်လူဖြစ်သည်။ ရွှီ..မင်းဆွေ။ လူလဲမည်။ ဒိုင်ကလူလဲသည်ဆိုသည်မှာသည်ဘောလုံးပွဲမှာ ပဲတွေးဖူး

လေသည်။ သူ့မိန်းမမြရီကိုထည့်ကန်လေသည်။ လူတွေကနည်းနည်း
တော့ပြောချင်သည်။ ယောက်ကျားလေးထုတ်ပြီးမိန်းမထည့်ကန်သော
ကြောင့်ဖြစ်သည်။ အရံခုန်မှလူလည်းမဟုတ်။ သို့သော်မတက်နိုင်၊ သာအေးကဒိုင်ကိုး..။
ဘောလုံးပွဲဒုတိယပိုင်းပြီးတော့မည်။ တစ်ဖက်ဖက်နှင့်တဖက်ဂိုး မသွင်းနိုင်သေး။ထိုအချိန်တွင်တိုင်းကျော်ရွာမှတစ်ယောက်ကကန်တင်လိုက်သောဘောလုံးသည် ငပရွာဂိုးသမားဆီသို့ရောက်သဖြင့် ဂိုးသမားကဘောလုံးကိုကောက် ဖမ်းလိုက်ပြီးအချိန်ဆွဲနေသည်။ပွဲပြီးတော့ဖို့စက္ကန့်ပိုင်းလောက်အလိုတွင် ဘောလုံးကိုလေထဲသို့
မြှောက်ပြီးကန်တင်လေသည်။ ထိုအချိန်တွင်ဂိုးသမားခြေချော်ပြီး
ဘောလုံး ကိုချော် ကန်မိရာ ဂိုးရှေ့မှနောက်ကျောပေးပြီး ရပ်နေသော မြရီတင်ပါးကိုသွားမှန်လေသည်။ ကန်တင်လိုက်သော အရှိန်နှင့် မြရီတင်ပါးကပြန်ကန်အားနှင့်ဘောလုံးကတော်တော်အရှိန်ပြင်း စွာဖြင့်ဂိုးထဲသို့ပြန်ဝင်သွားလေသည်။ဂိုး....တိုင်းကျော်ရွာမှလူများ၏
အော်သံဖြစ်သည်။တိုင်းကျော်တစ်ရွာလုံးထအော်ကြလေသည်။ တိုင်း
ကျော် နိုင်ပြီ။ ဘယ်လိုပင်နိုင်နိုင်တိုင်းကျော်နိုင်လေသည်။ ဒိုင်းဆုကြီး ရခဲ့သည်။ သာအေးနှင့် မြရီကိုလူများချီးမွမ်းကြသည်။ အများဆုံး ချီးမွမ်းကြသည်မှာမြရီ ၏ (တင်ပါး) ကိုဖြစ်လေသည်။
Tuesday, 8 May 2012
ပန်းဝေတံခါးပိတ်
ကျွန်တော်အရမ်းကြိုက်ခဲ့တဲ့တာရာမင်းဝေရဲ့ နတ်ပျိုမအတွက်ပန်းဆိုတဲ့ဝထ္ထုစာအုပ်ထဲက
ပန်းဝေတံခါးပိတ်ဆိုတဲ့ကဗျာလေးပါ၊ သူငယ်ချင်းတွေလည်းဖတ်ရအောက်တင်ပေးလိုက်ပါ
တယ်။ ဖတ်ပြီးသားလူလည်းရှိသလို မဖတ်ရသေးတဲ့သူလည်းရှိမှာပါ။ ဖတ်ပြီးသားလူတွေက
တော့နည်းနည်းသည်းခံပေးပါခင်ဗျာ။
အလွမ်းတွေရှိထားကြောင်း
' ပန်းဝေ ' သိလား မေးချင်တယ်
လမ်းတွေ့ရင် ခေါ်ခွင့်မပိုင်ပါဘူး
ကျွမ်းမြေ့ချင် မျှော်လင့်နိုင်မှာလားရယ်လို့
ခိုးဝှက်ကာ အကြည့်ပုန်းတွေနဲ့
တိုးရှက်ရာ မချိဆုံးပါပဲ
ငြိထုံးလာ အလွမ်းတွေဝေတော့
ပန်းဝေသိမယ်
ကိုယ့်မျက်ရည် ကိုယ်မတွေ့ရှာဘူးတဲ့
ညှိ့ချက်တွေ အငိုဝေ့ပါရင်း
ကမ္ဘာချဉ်းအောင် ပန်တော်ပွင့်မယ့်
သခင့်အတွက် ပန်းတွေရယ်
နွမ်းလေတယ် ကျွန်တော်မျက်ဖြေရူး
(အော်...တို့ဘ၀)
တမ်းမပြေတယ်နော်....မျက်ရည်ဦး
နှောင်တွယ်တာ ခက်တာပဲ ပန်းရယ်လို့
ရှောင်ဖယ်ကာ မျက်နှာလွှဲစမ်းချင်တာပေါ့
ကျောင်းခန်းဆီ ခြေလှမ်းတွေ အရောက်ယူဆဲမှာပဲ
တစ်ယောက်သူ နောက်လူတွေ့နေနှင့်ပြီမို့
ရင်နင့်စွာ ကျွန်တော်ချစ်ပေမယ့်
မြင်ခွင့်မှာ အဖော်သစ်တွေနဲ့ ပန်းဝေရယ်
(တို့လေ...)
မခေါ်ဖြစ်ပါဘူး....။

Sunday, 6 May 2012
ယုန်နဲ့လိပ်ပုံပြင်မပြောချင်သည့်အကြောင်းအရင်း
ယုန်..ယုန်ဆိုတော့အမွှေးဖြူဖြူနဲ့နားရွက်လေးထောင်နေမယ့်ယုန်ကလေးတစ်ကောင်ကိုမြင်ယောင်
ကြည့်လိုက်ပါ၊ အလွန်လျင်မြန်ဖြတ်လတ်ပြီးပုံပြင်တော်တော်များများမှာတော့ပညာရှိဆိုတဲ့ အခန်းက ပါဝင်နေ တာတွေ့ရပါလိမ်မယ်။
ကြည့်လိုက်ပါ၊ အလွန်လျင်မြန်ဖြတ်လတ်ပြီးပုံပြင်တော်တော်များများမှာတော့ပညာရှိဆိုတဲ့ အခန်းက ပါဝင်နေ တာတွေ့ရပါလိမ်မယ်။
လိပ်....လိပ်ဆိုတော့သူကိုအုပ်ထားတဲ့အခွံလေးလေးကြီးအောက်မှာခြေလေးကားယားကားယားနဲ့
လေးတွဲ့စွာသွားနေမယ့်လိပ်လေးတစ်ကောင်ကိုမြင်ယောင်ကြည့်လိုက်ပါ၊အလွန်တရာလေးကွေးပြီး
နုံနုံအအရှိမဲ့ပုံစံမျိုးကိုတွေ့ရမှာဖြစ်ပါတယ်။
အဲဒီယုန်ဆိုတဲ့သတ္တ၀ါလေးနဲ့လိပ်ဆိုတဲ့သတ္တ၀ါတို့ပေါင်းစပ်ပြီးယုန်နဲ့လိပ်ဆိုတဲ့ပုံပြင်လေးတစ်
ခုဖြစ်လာခဲ့တာပါ။ပုံပြင်အရကတော့ယုန်နဲ့လိပ်အပြေးပြိုင်ကြတယ်။ယုန်ကအိပ်နေလို့လိပ်နိုင်သွား
တယ်။ယုန်နဲ့လိပ် အပြေးပြိုင် မယ်ဆိုတော့ ယုန်နဲ့လိပ်ညှိနှိုင်းဖို့စကားပြောရပေလိမ့်မည်။ ဘယ်လို စကားမျိုးကိုသုံး ခဲ့ပါသလဲ။ယုန်ကကောလိပ်ပြောတာနာလည်ပါသလား၊လိပ်ကကောယုန်ပြောတာ နားလည်ပါသလား၊ဘာသာပြန်တွေပါတွေကောငှားခဲ့သေးသလားမသိ၊ခက်တာကပုံပြင်ထဲမှာဘာ
သာပြန်မပါ၊တရားမျှတသောပြိုင်ပွဲတရပ်လုပ်ဖို့အတွက်ဒိုင်တစ်ယောက်တော့လိုမည်ထင်သည်ပုံပြင်
ထဲမှာဒိုင်လည်းမပါ။

ယုန်အနေနဲ့ကြည့်ရင်လည်းတစ်လမ်းလုံးပြေးလာခဲ့ပြီးမှပန်းတိုင်ရောက်ခါနီးအိပ်နေမည်မဟုတ်ပေ၊
ရောက်အောင် သွားလိုက်မည်သာ။ယုန်သည်ပညာရှိဟုပုံပြင်များတွင်တွေ့ခဲ့ပြီးဖြစ်သည်။ယုန်လည်း
တွေးမည်ထင်သည်။မတော်တဆငါအိပ်ပျော်သွားလို့လိပ်ကျော်တက်သွားရင်ဆိုပြီးနောက်ပြီးဒါက
ယုန်တမျိုးသားလုံးအရှက်ကွဲမည့်ကိစ္စဖြစ်သဖြင့်သူ့ပေါ့ပေါ့တန်တန်လုပ်လိမ့်မည်မဟုတ်ပေ။ထို့
ကြောင့်ယုန်အိပ်ပျော်သွားသည်ဆိုခြင်းမှာစဉ်းစားစရာဖြစ်လာသည်။

လိပ်အနေနဲ့ကြည့်ရင်လည်းမိမိသည်နှေးကွေးလေးလံသူဖြစ်သည်။ လျင်မြန်ဖြတ်လတ်သောယုန်
၏စိမ်ခေါ်ခြင်းကိုအလွယ်တကူလက်ခံမည်မထင်။အနည်းဆုံးပြိုင်မည်ဆိုရင်တောင်မှအကျောပေးဖို့
တောင်းမှာသေချာသည်။ မတော်တဆသူရှုံးသွားရင်လိပ်တို့အရှက်ကွဲမည့်အရေးဖြစ်သည်။ ထားပါတော့အပေါ်ကအတိုင်း ယုန်ကအိပ်နေရင်တောင်လိပ်ကတွေ့သွားပြီး ဟာ ...ကိုရွှေယုန်ဘယ်
နှယ့်လို့ အိပ်နေတာတုန်းဗျ၊ ဘာဖြစ်လို့တုန်းဆိုပြီးသွားနှိုးချင်နှိုးလိမ့်အုံးမည်သာ။လိပ်ဆိုတာနုံအအ
ပုံစံမျိုး မဟုတ်လား။

ဟုတ်ကဲ့ပါခင်ဗျာ။ အထက်ပါအချက်အလက်များကြောင့်ယုန်နဲ့လိပ်ပုံပြင်အားဘယ်ကလေးတစ်
ယောက်ကိုမှကျွန်တော်ပြောပြလိမ့်မည်မဟုတ်ကြောင်းပါခင်ဗျာ။
Saturday, 5 May 2012
အမေ
ပထမဦးစွာ
လက်ဆယ်ဖြာဦးထိပ်မိုးလို့
ရှိခိုးကန်တော့မယ်...အမေ
အမေအရိပ်နဲ့ဝေးတဲ့ဘ၀က
ဂူပြောက်ကြီးတွေပိန်းပိန်းပိတ်မှောင်
တောင်နံရံတွေကရှည်လိုက်တာ..အမေ
အမေကောလက်သည်းတွေရှည်နေပြီလား...
နာရီလက်တံတွေရစ်သလို
အမေကမေတ္တာတွေလွှမ်းခြုံရစ်အုပ်လို့
အရာရာဟာဘေးကင်းအေးမြခဲ့
အမေ့လက်နဲ့ခွံ့ကျွေးတဲ့
ထမင်းလေးတလုပ်သတိရတယ်အမေ..
အမေကောထမင်းစားချိန်တွေမှန်ရဲ့လား...
မြင့်မိုရ်တောင်လို့တော့ပြောကြပါရဲ့
တကယ်တော့
အမေနဲ့ယှဉ်လိုက်ရင်..
အဲဒီမြင့်မိုရ်တောင်ဆိုတာခရုငယ်သာသာပါ
အိမ်ရှေ့ကစံပါယ်ရုံလေးကကော
စံပယ်တွေပွင့်သေးလားအမေ
သားကအမေ့အဝေး
လမ်းမှောင်မှောင်တွေထဲမှာ
စမ်းတ၀ါးလှမ်းဆဲပါအမေ....
( ၂ )
ဘယ်လိုအဘိဓါန်ကမှ
အမေဆိုတဲ့စာလုံးလေးကို ပြည်စုံအောင်ဘာသာမပြန်နိုင်ခဲ့ဘူး
ကျေးဇူးကမ္ဘာအနန္တနဲ့
သားလေ..အမေ့ခြေရာလေးတွေကအစ
လိုက်ကောက်သိမ်းထားချင်တယ်အမေ
အမေ့အဝေးကိုလှမ်းခဲ့တာ
အမေ့ကိုကျေးဇူးဆပ်ချင်တဲ့စိတ်နဲ့ပါ
ပြုစုစောက်ရှောက်ဖို့လိုအပ်နေမယ်ဆို
ထသွားထလာသတိထားပါ
ဒီနှစ်နွေကလည်းနည်းနည်းပူမယ်ထင်တယ်အမေ....
အညွံ့တွေတလူလူလွင့်တော့မှ
လူတွေအလည်အမေဂုဏ်တင့်အောင်
လွမ်းခဲ့သမျှ လင်းခွင့်ရအောင်
အမေ့အရိပ်သားပြန်ခဲ့မယ်အမေ
အမေ့အနားရောက်တော့မှ
ဆီမီးခွက်ကလေးကိုထွန်းညှိ
သားဘ၀လမ်းမှောင်မှောင်တွေကို
တဆိတ်လောက်လမ်းပြပေးပါဦးအမေ
အခုတော့
အမေဝေးလမ်းတွေ
ဆက်ဆက်ပြီး လျှောက်ရဦးမယ်အမေ
ကျွန်တော်တို့မိသားစုလေးထဲက
ချို့ချို့တဲ့တဲ့စစ်ပွဲတွေ မီးငြိမ်းပျောက်ကွယ်သွားတဲ့အထိပေါ့...
( ၃ )
အမေ့အပြုံးလေးထဲက
အေးမြစင်ကြယ်ခြင်းကိုဆွဲထုတ်
ညစ်စုတ်တဲ့လောကဓံအရှုပ်အထွေးတွေကြားထဲ
ရိုးရိုးကုပ်ကုပ် ကြိုးစားအားထုတ်နေဆဲပါအမေ
ကျန်းမာရေးလည်းဂရုစိုက်ပါတယ်
အင်္ကျီချွတ်နဲ့လည်းမနေပါဘူး
ကွန်ပြူတာလည်းညနက်တဲ့အထိမနှိပ်တော့ဘူး
ဒါပေမယ့်
သားလိမ်ညာလို့ကောင်းနေတုန်းပါပဲ....အမေ
လသာတဲ့ညတွေဆို
ကောင်းကင်ကိုမော့ကြည့်လို့
တွေးကြည့်မိတယ် အမေ
အမေကောဘယ်လိုအလင်းတွေနဲ့ဝင်းပ
ကျွန်တော့ဘ၀မှာလမင်းလိုသာခဲ့ပါသလဲအမေ
အတောင်တွေဖြန့်ပျံရင်း
ဒဏ်ရာတွေနက်နက်လာတယ်
တနေ့ပေါ့အမေ ဒဏ်ရာတွေဆေးထည့်ဖို့
အမေ့အိမ်တစပ်မိတ်လေးအောက်ခြေစုံရပ်
အမေ့အိမ်ကိုတံခါးခေါက်ဖို့
သားအရောက်ပြန်ခဲ့မယ်.....။
မြင့်မိုရ်တောင်အကြီးကြီးနဲ့အမေ.....အသက်ရာကျော်ကျန်းမာစွာရှည်ပါစေ
မြင့်မိုရ်တောင်အကြီးကြီးနဲ့အမေ.....အသက်ရာကျော်ကျန်းမာစွာရှည်ပါစေ
မြင့်မိုရ်တောင်အကြီးကြီးနဲ့အမေ.....အသက်ရာကျော်ကျန်းမာစွာရှည်ပါစေ
Thursday, 3 May 2012
ရှင်သန်ခြင်း
ခရေစေ့တွေနဲ့ပိုးဟပ်ခြေထောက်လေးတွေ
စည်ကားနေတဲ့မြို့လေး....ညလင်းတိုင်တွေအောက်
ခွေးအတကောင် ဆွဲဆွဲငင်ငင်အူသလိုမျိုး
၂၃ ၁/၂ဒီဂရီစောင်းခဲ့ကြ
စည်ကားနေတဲ့မြို့လေး....ညလင်းတိုင်တွေအောက်
ခွေးအတကောင် ဆွဲဆွဲငင်ငင်အူသလိုမျိုး
၂၃ ၁/၂ဒီဂရီစောင်းခဲ့ကြ
အဆုံးစီရင်တော့မယ့်
နေ့တွေကိုငေးခဲ့ကြ
ကိုကြီးကောင်းမှာ
ခံစားချက်တွေဘာသာပြန်ခဲ့ကြ
အရာရာဝေမျှခဲ့ပုံတွေ
လွမ်းကောင်းနေဆဲ..ဝေးကွာဆဲပဲ....
အိတ်အပေါက်ကြီးမှာဖားအော်သံတွေ
နားထောင်ရင်း
မွေးရာပါရိုးသားမှုနဲ့ မာနမီးခဲရဲရဲတောက်နဲ့
ထမင်းစားတယ်....ရေသောက်တယ်
ခြေဦးတည့်ရာလမ်းလျှောက်တယ်....
ဘာဖြစ်သေးလဲ..သူငယ်ချင်း
နှာခေါင်းပေါက်ထဲဝင်လာတဲ့လေတွေ
နှာခေါင်းပေါက်ကပြန်ထွက်သွားတဲ့လေတွေ
အလကားရနေသရွေ့
ငါတို့အသက်ရှင်နေခွင့်ရှိသေးတယ်...
Subscribe to:
Posts (Atom)