Monday 14 May 2012

ဘယ်လိုလဲ.....ဖြေ


လိပ်ပြာရယ်သံတွေနဲ့
ခရမ်းရောင်ဥယျာဉ်ကြီးထဲက
စွယ်တော်ရွက်လိုဘ၀လေး
နွေးထွေးနေသေးလား...။

အစိမ်းရောင်massage များ၊ အစိမ်းရောင် ဝေါဟာရများ
အစိမ်းရောင်တယ်လီဖုန်းမြည်သံ၊ အစိမ်းရောင်ဝတ်ကျေတန်းကျေများ
တဖြည်းဖြည်းစိမ်းလာတဲ့ ငါတို့ရဲ့သံယောဇဉ်က
ထွက်ခွာဖို့အချက်ပြနေတဲ့ မီးပွိုင့်အစိမ်းလေးလိုလား..။

အနေဝေးရင်သွေးအေးတတ်တယ်ဆိုတာ
ငါ့အတွက်တော့မုသားတွေသက်သက်ပါ
နေ့ရှိတိုင်း ပူလောင်ပြင်းပြ
နတ်ပြည်တပိုင်း ငရဲပြည်တပိုင်းဘ၀လေး
တမ်းတတယ်....

ဆီးနှင်းတွေတပွေ့တပိုက်နဲ့
ငါရောက်ခဲ့မှာပေါ့.....
ငါရဲ့ဆောင်းရာသီလေးရေ
မင်းကငါအမက်ချင်ဆုံး အိပ်မက်လေးပါ
မယုံဘူးဆိုလည်း..
ငါ့မျက်လုံးတွေနဲ့ခဏလောက်မင်းအိပ်ကြည့်
အိပ်မက်တွေဘယ်လောက်မက်ခဲ့ကြောင်း
မင်းသိလိမ့်မယ်...

6 comments:

  1. လာရောက် အားပေးသွားတယ်။



    ခင်မင်တဲ့
    အလွမ်း

    ReplyDelete
  2. ဆက်လက်ပြီး အိပ်မက်တွေ မက်နိုင်ပါစေ

    ReplyDelete
  3. ကဗျာလေးက လှသလို တန်းပလိတ်ကလည်း လန်းလှချည်လား သူငယ်ချင်း.. :)

    ReplyDelete
  4. အစိမ်းရောင်massage များ၊ အစိမ်းရောင် ဝေါဟာရများ
    အစိမ်းရောင်တယ်လီဖုန်းမြည်သံ၊ အစိမ်းရောင်ဝတ်ကျေတန်းကျေများ
    တဖြည်းဖြည်းစိမ်းလာတဲ့ ငါတို့ရဲ့သံယောဇဉ်က
    ထွက်ခွာဖို့အချက်ပြနေတဲ့ မီးပွိုင့်အစိမ်းလေးလိုလား..။
    ခံစားချက်တွေတူနေတယ် ဟီး သူများပြောနဲ့နော်..

    ReplyDelete
  5. ကဗျာလေးကို ခံစားသွားပါတယ် ...

    ReplyDelete
  6. ခံစားသွားပါတယ်ဗျာ....:)))

    ReplyDelete