Friday 18 May 2012

လမ်းလေး


လမ်းလေး
ရွက်ခြောက်ကြွေတွေ
ဝါးရုံပင်ရိပ်တွေနဲ့
နတ်လူသာဓုခေါ်တဲ့
သောက်ရေအိုးစင်လေးရှိတယ်

ခြေလှမ်းလိုက်ရင်း
ဖိနပ်မြုပ်မတတ်
ဖုန်မှုန့်တွေနဲ့လမ်းလေးမှာ
လျှောက်ဝင်လာသူတွေ
ပြန်ထွက်သွားခဲ့သူတွေ
ခရီးတထောက်နားခဲ့သူတွေ
ရှိခဲ့ကြဖူးရဲ့

ဘယ်လောက်ပဲလျှောက်ဝင်ခဲ့ကြ၀င်ခဲ့ကြ
အချိန်တန်တော့လည်း
လိုရာခရီးဆက်ကြစမြဲမို့
နောက်ဆုံးတော့လည်း
လမ်းလေးပဲ
ဖုန်တွေထထပြီးကျန်ခဲ့တယ်...။

5 comments:

  1. အင်း ဟုတ်တယ်နော်.. တွေးတောင်မတွေးမိဘူး..
    အားပေးခဲ့ပါတယ်

    ReplyDelete
  2. ကဗျာလေးက ကောင်းလိုက်တာ

    ReplyDelete
  3. လာရောက်အားပေးသွားပါတယ် ရှင့်။
    ကျန်းမာ ပျော်ရွှင်ပါစေ။
    အရေးအသားလေး ကောင်းတယ်။

    ReplyDelete
  4. ကဗျာကအတွေလေးတွေပေးခဲ့တယ်

    ReplyDelete
  5. တရားသဘောလေးတွေ ပါဝင်နေတဲ့ ကဗျာလေးကို သေသေချာချာလေး ဖတ်သွားခဲ့တယ်။

    ခင်မင်စွာဖြင့်
    မြတ်

    ReplyDelete