Thursday 3 May 2012

ရှင်သန်ခြင်း





ခရေစေ့တွေနဲ့ပိုးဟပ်ခြေထောက်လေးတွေ
စည်ကားနေတဲ့မြို့လေး....ညလင်းတိုင်တွေအောက်
ခွေးအတကောင် ဆွဲဆွဲငင်ငင်အူသလိုမျိုး
၂၃ ၁/၂ဒီဂရီစောင်းခဲ့ကြ

အဆုံးစီရင်တော့မယ့်
နေ့တွေကိုငေးခဲ့ကြ

ကိုကြီးကောင်းမှာ 
ခံစားချက်တွေဘာသာပြန်ခဲ့ကြ

အရာရာဝေမျှခဲ့ပုံတွေ
လွမ်းကောင်းနေဆဲ..ဝေးကွာဆဲပဲ....

အိတ်အပေါက်ကြီးမှာဖားအော်သံတွေ
နားထောင်ရင်း
မွေးရာပါရိုးသားမှုနဲ့   မာနမီးခဲရဲရဲတောက်နဲ့
ထမင်းစားတယ်....ရေသောက်တယ်
ခြေဦးတည့်ရာလမ်းလျှောက်တယ်....

ဘာဖြစ်သေးလဲ..သူငယ်ချင်း
နှာခေါင်းပေါက်ထဲဝင်လာတဲ့လေတွေ
နှာခေါင်းပေါက်ကပြန်ထွက်သွားတဲ့လေတွေ
အလကားရနေသရွေ့
ငါတို့အသက်ရှင်နေခွင့်ရှိသေးတယ်...

4 comments:

  1. ခံစားသွားပါတယ်ဗျာ....:)

    ReplyDelete
  2. ကဗျာလေး အားပေးသွားပါတယ်.. :)

    ReplyDelete
  3. မောင်လေးရေ မမကတော့အတွေးသမားဆိုတော့
    ကဗျာလေးဖတ်ပြီအတွေးတချို့နဲ့ပြန်သွားပါတယ်..:P

    ReplyDelete
  4. ဟုတ်တယ် ထမင်းစားရေသောက်
    ရောက်ချင်တဲ့နေရာရောက်
    အဲတာအကောင်းဆုံးပါပဲ

    ReplyDelete