Monday 21 May 2012

ဆေးခါးတခွက်


ကောင်းကင်ကကျလာတဲ့
မိုးစက်မိုးပေါက်လေးတွေ
ရေချိုးခွင့်မရခဲ့ကြဘူး
တကိုယ်ရေတကာယ ဒန်ဖလားတလုံးကို
ရွှေကွပ်နေရတာနဲ့ပဲ
မြေကြီးထဲစိမ့်ဝင်...ဘ၀တွေဆုံးကြရတယ်

အတ္တတွေကို တရုတ်စကားပင်ကလေးမှာချိတ်
red ruby တလိပ်ကို တိတ်တိတ်ကျိတ်ဖွာရင်း
tab တွေအသုံးများလာတာထက်
အသက်ထွက်မတက်ရုန်းကန်နေရတာခက်တယ်လို့
သူတို့...သူတို့တွေကိုယ်စား ပြောပြချင်တယ်..(လောကကြီးကို)

ကမ္ဘာစောင်းစောင်းကြီးဟာ
အတန်းစားမမျှတမှုနဲ့
ခပ်စောင်းစောင်း ဘက်စ်ကားလို
ခပ်ညစ်ညစ်လဖ္ဘက်ရည်ခွက်တလုံးထဲက
ဇွန်းမတတ်ထားတဲ့ လဖ္ဘက်ရည်ချိုပျစ်ပျစ်လို
အသက်ရှူသံတွေက စောင်းနေတယ်....

ကဲ....
ကမ္ဘာကြီးရယ်..
သင်လုံးနေသမျှကာလပတ်လုံး
ကျွန်ုပ်တို့မပြားပါဘူး....
ဒါပေမယ့် ...တို့တွေနေ့တဒူဝသောက်နေရတဲ့.
ဆေးခါးလေးတခွက်....
မင်းကိုမြည်းကြည့်စေချင်တယ်ဆိုရုံလေး....ဆန္ဒရှိမိတာ
အရိုးခံစိတ်ရင်းတွေနဲ့ပါ.....။

4 comments:

  1. ကောင်းကင်ကကျလာတဲ့
    မိုးစက်မိုးပေါက်လေးတွေ
    ရေချိုးခွင့်မရခဲ့ကြဘူး
    တကိုယ်ရေတကာယ ဒန်ဖလားတလုံးကို
    ရွှေကွပ်နေရတာနဲ့ပဲ
    မြေကြီးထဲစိမ့်ဝင်...ဘ၀တွေဆုံးကြရတယ်

    စာသားတွေမိုက်တယ် အားပေးလျက်ပါ

    ReplyDelete
  2. ဆေးကြောက်တယ် တိန်..
    ကဗျာလေးခံစားအားပေးသွားပါတယ်..

    ReplyDelete
  3. ကဗျာလေး အားပေးသွားတယ်
    ကိုလွင်ပြင်လိုပဲ
    အပေါ်ဆုံးအပိုဒ်လေးကို
    အကြိုက်ဆုံးပဲ

    ReplyDelete
  4. ကမ္ဘာစောင်းစောင်းကြီးဟာ
    အတန်းစားမမျှတမှုနဲ့
    ခပ်စောင်းစောင်း ဘက်စ်ကားလို
    ခပ်ညစ်ညစ်လဖ္ဘက်ရည်ခွက်တလုံးထဲက
    ဇွန်းမတတ်ထားတဲ့ လဖ္ဘက်ရည်ချိုပျစ်ပျစ်လို
    အသက်ရှူသံတွေက စောင်းနေတယ်.-----
    ဖတ်နေရင်း jasmine နှလုံးသားလဲ စောင်းသွားရပါတယ်

    ReplyDelete