Sunday 5 February 2012

29th,Novenber,2009



၂၉ရက်၊ နိုဝင်ဘာ၊ ၂၀၀၉
အဲဒီနေ့ပေါ့ ...........
ရင်ဘတ်တစ်ခုလုံးစုတ်ဖြဲခံခဲ့ရတာ
ရေတမာပင်လေးတွေ 
ခက်ကျဲကျဲပေါက်နေတဲ့လမ်းလေးထဲ
မင်းရယ် ငါရယ်နှစ်ယောက်ကလွဲရင်
ဘာဆိုဘာမှမရှိအောင်ရှင်းနေခဲ့တာ
ငါ့မျက်လုံးထဲမှာ 
လျှပ်စီးလက်သလို တချက်တချက်
ထထလင်းနေတုန်းပဲ.....။
ပြောစရာစကားမှမရှိတော့တာ....တဲ့
အဲဒီစကားလေးတစ်ခွန်းထဲနဲ့တင်
ရင်ဘတ်တစ်ခုလုံးအစိမ်းသေ...... သေ
မျှော်လင့်ချက်တွေ ကင်းမဲ့နေပေမယ့်
ကုန်လွန်ခဲ့တဲ့ရက်တွေတိုင်းမှာ
mp4 မှာအသံသွင်းထားတဲ့ 
မင်းရဲ့စကားလေးတွေအတိုင်း
အသဲပုံသကြားလုံးလေးကိုနှစ်ပိုင်းပိုင်း တပိုင်းကိုတော့
ဒီအတိုင်းပဲ သိမ်းထားမယ်လေ.....။
မနှင်းဖြူရေ
ပြန်လာပါ....ပြန်ခဲ့ပါ.....ပြန်လာခဲ့ပါဟာ.....
ရင်ဘတ်အပြဲတွေပြန့်ကျဲနေတဲ့ ရေတမာပင်လမ်းလေးထဲ
လွမ်းနေ....လွမ်းဆဲ.....လွမ်းနေဆဲပါပဲ.......။

No comments:

Post a Comment