Monday 27 February 2012


ရင်ဘတ်နှစ်ခုလုံး
ထပ်တူကျသွားမှတော့
အမုန်းတွေပြည်ဖုံးကားချလိုက်ပါစို့လားကွာ
မင်းလက်ကကိုင်ထားတဲ့
အလံဖြူဖြူလေးတစ်ခုရယ်
ငါ့လက်ကကိုင်ထားတဲ့
အလံဖြူဖြူလေးတစ်ခုရယ်
ပေါင်းပြီး .........
ငါတို့ဘ၀ဖြူဖြူလေးတစ်ခုတည်ဆောက်ကြမယ်လေ
နဂါးခေါင်းတွေ
ဘယ်ဘက်လှည့်လှည့်ပေါ့ကွာ
အရေးကြီးတာက  မင်းနဲ့ငါနဲ့အတူရှိနေဖို့ပါပဲ
ငါတို့လက်တွေမြဲနေသေးသမျှတော့
ရွက်ခြောက်တွေဘယ်လောက်ကြွေကြွေ
အမြစ်တွေဘယ်လောက်ရှည်ရှည်ပေါ့
ငါတို့ရဲ့ကြည်လင်ကောင်းကင်
အမုန်းတွေရဲ့နေအ၀င်ကို
အပြုံးတွေနဲ့ငေးကြည့်ကြမယ်လေ
ငါရဲ့အချစ်တွေကို
မင်းရဲ့ ပါးမို့မို့လေးတွေပေါ်မှာ
မြှုပ်နှံခွင့်ပေးပါတော့လားကွာ..........။

No comments:

Post a Comment