Sunday 19 February 2012

ခွဲခွာ


အားယူတက်လှမ်းလာသူကိုမှ
လှေခါးတွေကရိုက်ချိုးရက်တယ်.....
သူက...ထုံးစက်တွေတစ်ချက်တစ်ချက်
ထထပွတ်တာထက်တောင် ဖြူစင်လွန်းမကဖြူစင်လွန်းခဲ့သူပါ
လာခေါ်သွားတဲ့အချိန်ကစောလွန်းမနေဘူးလား.....
မိန်းကလေးရေ.....
မင်းအတွက်နောက်.....
နောက်ထပ်ဆိုတာတွေရှိခဲ့မယ်ဆိုရင်
ငါဆုတောင်းပေးပါရဲ့ကွယ်
မင်းဘ၀လရောက်အောက်ကစပျစ်သီးလေးတွေလိုချိုပါစေ
မင်းဘ၀ အတ္တတွေချိတ်ဆွဲထားတဲ့ကောင်းကင်အိုနဲ့ဝေးပါစေ
မင်းဘ၀  မျက်ရည်လမ်းတွေနဲ့ ဝေးပါစေ.....
ခုတော့......
ငါအိမ်ပြန်သွားရင် လွမ်းနေမယ့်ကောင်မလေးမရှိတော့ပါဘူး။
ညနေစောင်းရင် ငါသူ့ဆီအလာမျှော်နေမယ့်
ကောင်မလေးလည်းမရှိတော့ပါဘူး.........
အလိုမကျရင်စိတ်ကောက်
ငါ့ခါးကိုဆွဲဆွဲလိမ်တဲ့
ကောင်မလေးလည်းမရှိတော့ပါဘူး.......
ငါ့ကိုစိတ်ဆိုးအောင်လုပ်
ဒေါသဖြစ်တဲ့အခါ ငါ့မျက်နှာကြည့်ပြီးပျော်နေတတ်တဲ့
ကောင်မလေးလည်းမရှိတော့ပါဘူး.......။

No comments:

Post a Comment