Tuesday 20 March 2012

တသက်စာ ဝေးကွာခြင်း


မနက်ဖြန်ဆိုရင်ပဲသူက
ဘ၀အသစ်တစ်ခုမှာ နှလုံးသားအသစ်တစ်ခုနဲ့
ပျော်နေတော့မှာ.........
အလွမ်းတွေငွေ့ရည်ဖွဲ့နေတဲ့ကောင်းကင်ကို
ငါက ဘယ်လိုရင်ဘတ်မျိုးနဲ့ရွာချပေးရမလဲ
ငါမရှိသင့်တော့တဲ့ အချိန်မှာ
လှည့်ထွက်ခဲ့ခြင်းဟာ အကောင်းဆုံးဖြစ်မှာပါ.......
ငါ့ဘ၀က 
မင်းလိုချင်တဲ့ဒင်္ဂါးပြားတွေမသီးဘူး....ချစ်သူရေ
မင်းထားသွားတော့မယ့်သူ   ဖြေသာအောင်
ခဏလောက်ဖြစ်ဖြစ် ဟန်ဆောင်ပြီးငိုပြခဲ့ပါလား.....
အခုတော့.....
သုညတွေသီးတဲ့ ဗလာလူရဲ့ရင်ထဲမှာ 
မိုးတွေ ခပ်ဖွဲဖွဲ ကျလို့ပေါ့.........

4 comments:

  1. ခံစားသွားပါတယ်ဗျာ...:)

    ReplyDelete
  2. တခါတလေတော့လဲ
    လူတစ်ချို့က ဘ၀သစ်မှာနှလုံးသားအသစ်လုပ်ကြတယ်လေ

    ReplyDelete
  3. ဖတ်ပြီး ၀မ်းနည်းသွားတယ်....။ အဲလိုမျိုးမခံစားနိုင်လွန်းလို့...အချစ်ကိုလက်တွေ့ဘ၀မှာ မရှာရဲဘူး..။

    ReplyDelete
  4. ကောင်းလိုက်တာ အားပေးပါတယ် ဆက်လက်ကြိုးစားပါ

    ReplyDelete